အိတ်ချ်ပီဗီ (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေး ထိုးနှံမည့်ရက် ယာယီရွှေ့ဆိုင်း

ဖလမ်း ၂၂ စက်တင်ဘာ

နိုင်ငံတစ်ဝန်းရှိ အသက် (၉)နှစ်မှ (၁၀)အတွင်း မိန်းကလေးငယ်များအား အိတ်ချ်ပီဗီ (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေး စတင်ထိုးနှံမည့်ရက်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီရက်ရွှေ့ဆိုင်းထားကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေး ထိုးနှံမည့် အသက် (၉)နှစ်မှ (၁၀)အတွင်း မိန်းကလေးငယ်များ၏ စာရင်းကို ကျန်းမာရေးဝန်ထမ်းများက သြဂုတ်လအတွင်း စာရင်းကောက်ယူခဲ့ပြီး ဖလမ်းမြို့နယ်အတွင်းတွင် ကာကွယ်ဆေးထိုးနှံမည့် မိန်းကလေးငယ် (၅၉၃)ဦးရှိသည်။

ကာကွယ်ဆေး စတင်ထိုးနှံမည့်ရက်ကို မူလက စက်တင်ဘာ ၂၀ ရက်ဟု သတ်မှတ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် အောက်တိုဘာ ၂၀ ရက်သို့ ယာယီရပ်ရွှေ့ဆိုင်းထားကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)