Airbus လေကြောင်းကုမ္ပဏီက အလုပ်အကိုင် ၁၅၀ဝ၀ လျှော့ချမည်

၁ ဇူလိုင်

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လေယာဉ် ဝယ်လိုအား ကျဆင်းလာသဖြင့် အလုပ်အကိုင် ၁၅၀ဝ၀ ခန့် လျှော့ချမည်ဟု Airbus လေကြောင်းကုမ္ပဏီက ဆိုသည်။

 

 

၂၀၂၁ နွေရာသီတွင် ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နှင့် ကမ္ဘာ့အခြား ဒေသများတွင် ၎င်းတို့၏ အလုပ်သမား အင်အားကို လျှော့ချရန် စီစဉ်ထားကြောင်း ဉရောပလေယာဉ် ထုတ်လုပ်သူများက ယမန်နေ့ ထုတ်ပြန်ကြေညာခဲ့သည်။

 

 

မကြုံစဖူး အခက်အခဲများနှင့် ကြုံတွေ့ရသဖြင့် မကြာသေးမီ လများက  ထိုလေကြောင်း ကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်း ၄၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သောကြောင့် ၎င်းတို့၏ လုပ်သားအင်အားကို လိုက်လျောညီထွေဖြစ်ရန် ပြင်ဆင်ဖို့ လိုအပ်သည်ဟု ဉရောပ လေယာဉ် ထုတ်လုပ်သူများက ဆိုသည်။

 

 

၂၀၂၅ ခုနှစ်အထိ လေကြောင်းသွားလာမှု ပြန်လည်ကောင်းမွန် မလာနိုင်ကြောင်း ခန့်မှန်းချက်ကိုလည်း  ကိုးကားဖော်ပြထားသည်။

 

 

Airbus လေကြောင်း အမှုဆောင် အရာရှိချုပ် ဂူလ်မီ ဖာရီ က လေကြောင်းကုမ္ပဏီသည် ကြီးမားသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု  ကြေညာချက်တွင် ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို