အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူပေါင်း ၅၄၈၇၅၈၀ ဉီးသို့ ရောက်ရှိ

၂၁ စက်တင်ဘာ

 

 

အိန္ဒိယနိုင်ငံတွင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း အတွင်း ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း ၅၄၈၇၅၈၀ ဉီးသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

အိန္ဒိယနိုင်ငံ တစ်ဝန်းတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၈၆၉၆၁ ဉီးရှိခဲ့ပြီး ၊ သေဆုံးသူပေါင်း  ၁၁၃၀ ဉီး ရှိကြောင်း မှတ်တမ်းတင်ခဲ့သည်။

 

 

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း ၅၄၈၇၅၈၀ ဉီးရှိခဲ့ပြီး၊ သေဆုံးသူပေါင်း ၈၇၈၈၂ ဉီးရှိပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

 

ရောဂါဖြစ်ပွားသူများအနက် ၄၃၉၆၃၉၉ ဉီးမှာ အခြေအနေ ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ကြောင်း အဆိုပါ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

 

အိန္ဒိယနိုင်ငံတွင် ယခုအချိန်အထိ ဗိုင်းရပ်စ်ဖြစ်ပွားသူ အရေအတွက် ၁၀၀၃၂၉၉ ဉီးရှိကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

 

 

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှု အဆိုးဆုံး နိုင်ငံများထဲတွင် အမေရိကန် ပြည်ထောင်စုပြီးလျှင် အိန္ဒိယနိုင်ငံသည် ဗိုင်းရပ်စ် ကူးစက်မှု ဒုတိယ အမြင့်ဆုံး နိုင်ငံဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်