အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှု အသစ် ၈၆၀၅၂ တွေ့ရှိ

၂၅ စက်တင်ဘာ

 

 

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၈၁၈၅၇၀ ထိ ရောက်ရှိလာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၅ ရက်နေ့၌ ပြောကြားခဲ့သည်။

 

 

အိန္ဒိယနိုင်ငံ တစ်ဝန်းတွင်  ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၈၆၀၅၂ ဉီး ထိ ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ အိန္ဒိယနိုင်ငံအတွင်း သေဆုံးသူ စုစုပေါင်း ၁၁၄၁ ဉီးရှိခဲ့ပြီး စံချိန်တင် သေဆုံးမှု ဖြစ်သည်။

 

 

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၅၈၁၈၅၇၉ ဉီးနှင့် သေဆုံးသူစုစုပေါင်း ၉၂၂၉၀ အထိ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရှိရသည်။

 

 

ရောဂါသက်သာလာပြီး အခြေအနေ ကောင်းမွန်သဖြင့် လူနာ ၄၇၅၆၁၆၄ ဉီးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ယခု အချိန်ထိ အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွား နေသည့် အရေအတွက်မှာ ၉၇၀၁၁၆ ဉီး ရှိကြောင်း အဆိုပါ ၀န်ကြီးဌာနမှ ထုတ်ပြန်သော သတင်းများအရ သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်