အိန္ဒိယနိုင်ငံသို့ စက်ဘီးဖြင့် ဘုရားဖူးခရီးစဉ်သွားရောက်ခဲ့သော မြန်မာစက်ဘီးသမားနှစ်ဦး ပြန်လည်ရောက်ရှိ

ကြို့ပင်ကောက် ၂၁  ဇန်နဝါရီ

 

ကြို့ပင်ကောက်မြို့ကားဂိတ်မှ စတင်ပြီး အိန္ဒိယနိုင်ငံသို့ စက်ဘီးဖြင့် ဘုရားဖူးခရီးစဉ်သွားရောက်ခဲ့သော စက်ဘီးသမား ကိုသိန်းထိုက်စိုးဦးသည် ဇန်နဝါရီ ၂၀ ရက်ည ၇ နာရီက  ကြို့ပင်ကောက်မြို့ သို့ပြန်လည် ရောက်ရှိလာခဲ့သည်။

 

6398

 

စက်ဘီးအားကစားပညာဖြင့် အခုလိုခရီးစဉ်များ သွားရောက်လို့ရကြောင်းနှင့် အိမ်နီးချင်းအိန္ဒိယ နိုင်ငံရဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေ့လာချင်တဲ့အတွက် သွားရောက်ခဲ့ရခြင်း ဖြစ်ကြောင်း လူငယ်စက်ဘီး အားကစားသမားများကိုလည်း မိမိတို့ကဲ့သို့ ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း စက်ဘီးအားကစားသမား ကိုသိန်းထိုက်စိုးဦးက ပြောသည်။

 

852

 

အဆိုပါ စက်ဘီးခရီးစဉ်ကို ကြို့ပင်ကောက်မြို့မကားဂိတ်မှ မန္တလေးမြို့သို့ ဒီဇင်ဘာလ ၆ ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်မှ စက်ဘီးအားကစားသမား ကိုလင်းထွန်း နှင့်အတူ မုံရွာမြို့သို့ ဆက်လက်ထွက်ခွာပြီး ကလေး- ခမ်းပက်- တမူး- မိုးရေး-နာဂလမ်းမှတဆင့် ရာဇဂြိုဟ်မြို့အထိ စက်ဘီးနင်း၍ သွားရောက်ခဲ့ကြောင်း ခရီးစဉ်အစအဆုံး ၂၃ ရက် ကီလိုမီတာ ၃၀ဝ၀ ခန့်စီးနင်းခဲ့ကြောင်း သိရသည်။

 

741

 

ဇေယျာထွန်း(ကြို့ပင်ကောက်)

 

1423