အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ နှစ်သိန်းရှစ်သောင်းကျော် ထပ်မံတွေ့ရှိ

ဇန်နဝါရီ ၂၇

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၆၃၈၄ ဦး ရှိသောကြောင့် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၄၀၃၇၁၅၀၀ အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီး ဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ၅၇၃ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၉၁ ၇၀၀ အထိ ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၂၂၀၂၄၇၂ ဦးရှိသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ဆေးရုံမှဆင်းခွင့်ရရှိသူ ၃၀၆၃၅၇ ဦးရှိပြီး ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှဆင်းသွားသူ ၃၇၆၇၇၃၂၈ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို