အိန္ဒိယနိုင်ငံ၌ သုံးလတာအတွင်း တစ်ရက်တာဗိုင်းရပ်စ်ကူးစက်မှုနှုန်း အနိမ့်ဆုံးကျဆင်း

နယူးဒေလီ ၂၈ အောက်တိုဘာ

 

အိန္ဒိယနိုင်ငံ၌ တစ်ရက်တာအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၄၇၀ သာ အသစ်ထပ်မံတွေ့ရှိခဲ့ပြီး အဆိုပါအရေအတွက်သည် သုံးလတာအတွင်း တစ်ရက် တာဗိုင်းရပ်စ်ကူးစက်မှုနှုန်း အနိမ့်ဆုံးဖြစ်ကြောင်း ကျန်းမာ ရေးအာဏာပိုင်များက ဆိုသည်။

 

မန်နေ့စစ်တမ်းများအရ သေဆုံးသူ ၂၈၈ ဦးရှိခဲ့သည့် အတွက် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၁၉၅၀၂ ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန က အတည်ပြုပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံအတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ရှစ်သန်းနီးပါးရှိလာခဲ့ပြီး ကမ္ဘာ့နိုင်ငံများ အနက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈ ဒသမ ၇ သန်းရှိသောအမေရိကန်နိုင်ငံပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ဒုတိယ အများဆုံးနိုင်ငံဖြစ်သည်။

ဇူလိုင် ၁၇ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅၀၆၅ ဦး တွေ့ရှိခဲ့သည်။ အဆိုပါအရေအတွက်သည် နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှုစတင်ခဲ့သည့်နောက်ပိုင်း ပထမဆုံး အကြိမ် တစ်ရက်တာအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံး လျော့ကျခဲ့ခြင်းဖြစ်သည်။ ။

အိန္ဒိယနိုင်ငံ၌ စက်တင်ဘာလအတွင်း၌ တစ်ရက်တာ အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်သိန်းနီးပါးတွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း များ တဖြည်းဖြည်းကျဆင်းလာကြောင်း သိရသည်။

ကိုးကား - စီအင်န်အေ

ဘာသာပြန် - အောင်ကျော်ကျော်