အိန္ဒိယနိုင်ငံမှာ သုံးထပ် အဆောက်အအုံ ပြိုကျရာ ၁၀ ဦး သေဆုံး

၂၁ စက်တင်ဘာ

 

 

အိန္ဒိယနိုင်ငံရဲ့ အနောက်ပိုင်း ဘဟီဝမ်ဒီမြို့ရှိ သုံးထပ် အဆောက်အအုံ တစ်လုံး ပြိုကြရာ လူ ၁၀ ဦး သေဆုံးပြီး ၂၅ ဦး အပျက်အစီး အကြားမှာ ပိတ်ဆို့နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

 

မွမ်ဘိုင်းမြို့ရဲ့ အိမ်နီးချင်း ဘဟီဝမ်ဒီမြို့မှာ ရက်ပေါင်းများစွာ မိုးအဆက်မပြတ် ရွာသွန်းနေပါတယ်။ အဆောက်အအုံဟာ ဘာကြောင့် ပြိုကျတယ်ဆိုတာကို စုံစမ်းနေကြောင်း သိရပါတယ်။

 

 

သုံးထပ် အဆောက်အအုံဟာ ဒီနေ့ (တနင်္လာနေ့) နံနက် အစောပိုင်းမှာ ပြိုကျရာ လူ ၁၁ ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၄၀ ကျော်က ကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း၊ အမျိုးသား သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့ NDRF က ပြောပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ မုတ်သုန်ရာသီဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလ အတွင်းမှာ အဆောက်အအုံတွေ ပြိုကျလေ့ရှိပါတယ်။

 

 

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း မွမ်ဘိုင်းမြို့ရဲ့ တောင်ဘက်ရှိ မဟတ်မြို့မှာ ၄၇ ထပ်မြင့် အဆောက်အအုံ တစ်ခု ပြိုကျခဲ့တဲ့အတွက် လူပေါင်း ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ၂၀၂၀ မုတ်သုန်ရာသီနဲ့ ဆက်စပ်ပြီး သဘာဝ ဘေးအန္တရာယ်ကြောင့် သေဆုံးသူဟာ ၈၀၀ ကျော်သွားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP

mdn