အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၈ သန်းကျော်ရှိလာ

၂၉ အောက်တိုဘာ

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၈ သန်းကျော်သွားကြောင်း ဒီနေ့(ကြာသပတေးနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။ 

လူဦးရေ ၁.၃ ဘီလီယံနေထိုင်တဲ့ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၈,၀၄၀,၂၀၃ ဦးနဲ့ သေဆုံးသူ ၁၂၀,၅၂၇ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉.၁ သန်းထဲမှ သေဆုံးသူ ၂၃၀.၀၀၀ ကျော်သေဆုံးကြောင်း သိရပါတယ်။ 

အခုရက်ပိုင်းအတွင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက် ကျဆင်းသွားပေမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံမှာ အရေးပါတဲ့ ဘာသာရေး ပွဲဒီပါဝလီဘုရားပွဲတော်နောက်ပိုင်းမှာ  ပိုးတွေ့ရှိသူ များလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။ 

ဒေလီမြို့တော်မှာ ဗုဒ္ဓဟူးနေ့က ပိုးတွေ့ရှိသူ ၅,၀၀၀ ရှိခဲ့တဲ့အတွက် ကပ်ရောဂါပိုး စတင်ချိန်ကစပြီး အများဆုံးပိုးတွေ့အများဆုံးဖြစ်ပေမယ့် ဗိုင်းရပ်စ်ပိုးကူးစက်မှု နောက်လာမယ့်လှိုင်းအတွင်း မြို့တော်ဒေလီမှာ ပိုးတွေ့သူ တစ်နေ့လျှင် ၁၀,၀၀၀ ဖြစ်လာနိုင်ကြောင်း သတိပေးပြောကြားပါတယ်။ 

ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းဟာ ဗိုင်းရပ်စ်ပိုးဒဏ် အခံရဆုံးမြို့ဖြစ်ပါတယ်။ ပိုးတွေ့ရှိသူ ၂၅၀,၀၀၀ ကျော်မှာ သေဆုံးသူ ၁၀,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ ပိုးတွေ့သူဟာ နေ့စဉ် ၂၀,၀၀၀ နီးပါးရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

နိုင်ငံသားများမှာ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေရေး စည်းမျဉ်းနဲ့ တခြားထိန်းချုပ်မှုကို အလေးမထားတာမျိုး ရှိနေတဲ့အတွက်  ဝန်ကြီးချုပ်မိုဒီက သတိပေးပြောကြားပါတယ်။ 

MDN
ကိုးကား - AFP