အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅ သန်း ကျော်သွားကြောင်း ထုတ်ပြန်

၁၆ စက်တင်ဘာ

 

 

အိန္ဒိယ နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅ သန်း ကျော်သွားကြောင်း ဒီနေ့(ဗုဒ္ဓဟူးနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ပြီးခဲ့တဲ့ ၁၁ ရက် အတွင်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁ သန်းနီးပါး ရှိတဲ့အတွက် ကမ္ဘာမှာ စံချိန်တင်အောင် ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ နိုင်ငံ ဖြစ်လာပါတယ်။ အိန္ဒိယ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅.၀၂ သန်းရှိပြီး အမေရိကန်ကတော့ ၆.၅၉ သန်း ရှိတဲ့အတွက် ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ပိုးတွေ့ရှိသူ ပမာဏဟာ နေ့စဉ်များနေပြီး ၂၄ နာရီအတွင်း အင်္ဂါနေ့မှာ ပိုးတွေ့ရှိသူ ၉၀,၀၀၀ ကျော်ပြီး သေဆုံးသူ ၁,၂၉၀ ရှိကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

ပိုးတွေ့ရှိသူ ၁ သန်းပြည့်အောင် ပထမအကြိမ်က ၁၆၇ ရက် ကြာခဲ့ပေမယ့် နောက်ထပ် ၁ သန်း ပြည်အောင်တော့ ၂၁ ရက်အတွင်း ဖြစ်ခဲ့တဲ့တာကို တွေ့ရပါတယ်။ ဒုတိယအကြိမ် ၁ သန်းပြည်အောင် ပိုးတွေ့ရှိတဲ့  ပမာဏဟာ အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့ထက် လျင်မြန်စွာ ပိုးကူးစက်ခဲ့တာကို တွေ့ရပါတယ်။

 

 

မူလက ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ တတိယ အများဆုံး နိုင်ငံအဖြစ် အိန္ဒိယနိုင်ငံက ရပ်တည်နေရာမှာ ၂၉ ရက်အတွင်း ဘရာဇီးနိုင်ငံကိုကျော်ပြီး ပိုးတွေ့ရှိမှု ဒုတိယ အများဆုံး နိုင်ငံ ဖြစ်လာပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၅,၀၂၀,၃၅၉ ဦးနဲ့ သေဆုံးသူ ဟာ ၈၂,၀၆၆ ဦးရှိကြောင်း သိရပါတယ်။ သေဆုံးသူ အရေအတွက်ဟာ အမေရိကန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံး ၁၉၅,၀၀၀ ရဲ့ တစ်ထက်ဝက် နည်းနေကြောင်း မှတ်တမ်းတွေမှာ နှိုင်းယှဉ်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP