အိန္ဒိယနိုင်ငံမှာ အရက်တုသောက်မိတဲ့အတွက် လူ ၈၀ ကျော်သေဆုံး

၂ ဩဂုတ်

 

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အရက်တုသောက်မိတဲ့အတွက် လူ ၈၀ ကျော် သေဆုံးကြောင်း စနေနေ့ထုတ် ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းရှိ ပြည်နယ်သုံးခုမှာ အရက်အတုရောင်းသူ ၂၅ ဦးကို ရဲတပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးရရှိကြောင်း Press Trust of India သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

 

ဂူဒါစပါး ဒေသမှာ အရက်တုသောက်သုံးမိတဲ့အတွက် ၁၁ ဦးသေဆုံးပြီး အမ်ရီဆာဒေသမှာ ၁၂ ဦး တာရန် တာရန် ဒေသမှာ ၆၃ ဦးသေဆုံးကြောင်း AFP သတင်းဌာနကို တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားပါတယ်။

 

အိန္ဒိယနိုင်ငံမှာ နှစ်စဉ် အရက်အတု သောက်သုံးပြီး သေဆုံးသူ ရာဂဏန်းရှိကြောင်း နဲ့ အရက်တု ၁ လီတာကို ရူပီးငွေ ၁၀ သာပေးရကြောင်း သိရပါတယ်။

 

အန်ဒရာပရာဒတ်ပြည်နယ်မှာ ချက်အရက် သောက်သုံးတဲ့အတွက် သောကြာနေ့က လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ အသွားအလာ ကန့်သတ်ချိန်အတွင်း အရက်ရောင်းချခွင့်ကို ပိတ်ပင်ထားချိန်မှာလည်း ချက်အရက်တွေကို သောက်သုံးကြကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP