အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၃၆) ဦးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ထား

ဖလမ်း ၃ ဇူလိုင် 

 

အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများသည် ဇွန်လ ၂ ရက် ညပိုင်းက မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ် ရိခေါ်ဒါရ်မြို့မှတစ်ဆင့် ပြန်လာကြပြီး ဇွန်လ ၃ ရက်နေ့တွင် ဖလမ်းမြို့သို့ရောက်ရှိကာ လုံပီး စိုက်ပျိုးရေးသိပ္ပံကျောင်း၌ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်သူများသည် ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့မှ ဖလမ်းမြို့သို့ဇွန် ၃ ရက် ညနေ ၆ ခန့်က ရောက်ရှိကြရာ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်နှင့် ကော်မတီဝင်များက ကြိုဆိုခဲ့ကြပြီး ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ Community Based Facility Quarantine ဖြင့် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်သည်။ 

 

အဆိုပါ (၃၆) ဦးသည် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများရှိ မြို့အသီးသီးများတွင် နေထိုင်ကြသူများဖြစ်ကြကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်