အိမ်တိုင်း မီးသတ်ဆေးဘူး ထားရှိရေးနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ရေး သရုပ်ပြပွဲ ကျင်းပ

ကျောက်တန်း ၃ ဇန်နဝါရီ 

 

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာန ကြီးမှူးကျင်းပသော အိမ်တိုင်းမီးသတ်ဆေးဘူး ထားရှိရေးနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ရေး သရုပ်ပြပွဲကို ဇန်နဝါရီ ၂ရက် မွန်းလွဲ ပိုင်းက အဆိုပါ မီးသတ်ဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

 

ယင်းအခမ်းအနားသို့ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်၊ ရန်ကုန်တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးရဲမင်းထွဋ်တို့က မီးဘေးကြိုတင်ကာကွယ်နိုင်ရေး အိမ်တိုင်း မီးသတ်ဆေးဘူးများ ထားသင့်ကြောင်း၊ အရေးပေါ် အန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများ လေ့ကျင့်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့ကြောင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များက ခန်းမရှေ့တွင် မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နိုင်ရေးကို လက်တွေ့သရုပ်ပြခဲ့ရာ ပြည်သူ ၆၀ ခန့် တက်ရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်ပြန်/ဆက်