အိမ်ထောင်မကျသေးတဲ့ တရုတ်အမျိုးသားတွေက လူရာဝင်ဖို့အတွက် မဲခေါင်ဒေသက အမျိုးသမီးတွေကို ငွေနဲ့ဝယ်ယူနေရ

အသက် ၄၀ ကျော်အရွယ် တစ်ခုလပ် တရုတ်အမျိုးသား ဇူ ဂျင်းစိမ် က တခြားတရုတ်အမျိုးသားတွေလိုပဲ အွန်လိုင်းကနေ အိမ်ထောင်ဖက် ရှာနေရပါတယ်။ အဲဒီနည်လမ်းကနေ သူတက်နိုင်တဲ့ဈေးနဲ့ သင့်တော်မယ့် ဗီယက်နမ် သတိုးသမီးတစ်ယောက်ကို ရှာဖွေနေပါတယ်။ 

တရုတ်နိုင်ငံမှာ ကလေးတစ်ဦးသာ မွေးဖွားခွင့်ရတဲ့ဥပဒေ ဆယ်စုနှစ်ချီပြီး ကျင့်သုံးခဲ့တဲ့အတွက် သမီးမိန်းကလေးအဖြစ် ကိုယ်ဝန်ဆောင်ခဲ့ရင် ဖျက်ချခဲ့တဲ့ အကျိုးရလဒ်ကြောင့် တရုတ်အမျိုးသား သန်းချီပြီး သတိုးသမီး မရနိုင်တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရပါတယ်။ 

အသက် ၄၁ နှစ်အရွယ် ဇူ က ကျနော်အသက်အရွယ်နဲ့ဆို တရုတ်အမျိုးသမီးကို အိမ်ထောင်ဖက်အဖြစ်ရှာဖို့က အင်မတန် ခက်ခဲ့ပါတယ်။ တရုတ်မှာက မိသားစုလိုင်းက အရေးကြီးပါတယ်။ အိမ်ထောင်မရှိတဲ့ လူပျိုလူလွတ်တစ်ယောက်ဟာ အကိုင်းအခက်မရှိတဲ့ အပင်လိုပဲ။ ဒါကြောင့် အိမ်ထောင်ပြုရေးကို တွန်းအားပေး ခံကြရပါတယ်လို့ ပြောပါတယ်။ 

တရုတ်အမျိုးသားတစ်ယောက် အသက်ကြီးတယ်။ တစ်ခုလပ်၊ မသန်စွမ်း၊ ဒါမှမဟုတ် သိပ်ဆင်းရဲရင် တရုတ်ယဉ်ကျေးမှုအရ တရုတ်အမျိုးသမီး တစ်ယောက်ကို တင်တောင်းဖို့ မတတ်နိုင်ပါတယ်။ မနှစ်က ဈေးအရ အမေရိကန်ဒေါ်လာ ၂၂၀ဝ၀ ကနေ ၂၉၀ဝ၀ အထိ ရှိတယ်လို့ အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။ 

တရုတ်အမျိုးသားတွေက ဇနီးမယားရှာဖို့အတွက် စိတ်ပိုင်း၊ ယဉ်ကျေးမှုပိုင်းနဲ့ စီးပွားရေးပိုင်းအရ ဖိအားတွေရှိနေပါတယ်။ လက်ထပ်ခြင်းဟာ တစ်ဦးတည်း တစ်ယောက်တည်းနဲ့ ဆိုင်တာမဟုတ်ဘဲ မိသားစုနဲ့ဆိုင်တဲ့ အထူးသဖြင့် မိဘတွေနဲ့ဆိုင်တဲ့ အရာလို့ လူဦးရေနှင့် ဖွံ့ဖြိုးရေးကို လေ့လာနေတဲ့ ရီကျန်းကွန်ဘအို က ပြောပါတယ်။ 

တရုတ်နိုင်ငံမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ၃၃ သန်းလျော့နည်းနေတယ်လို့ ဆိုပါတယ်။ 

MDN
AFP