အိမ်ခြံဝန်းအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သည့် မှိုစိုက်ပျိုးရေးနှိုးဆော်ချက်

၁။         ပြည်သူများ မိမိတို့၏ အိမ်ခြံဝန်းအတွင်း အာဟာရပြည့်ဝ၍ အလွယ်တကူ စိုက်ပျိုးနိုင်သည့် မှိုသီးနှံ (ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှို)တို့ကို မြေနေရာသီးသန့်မလိုဘဲ အိမ်ခြံဝန်းအတွင်း၌ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးထုပ်များ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။

 

၂။         ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှိုတို့ကို မိမိတို့အိမ်၏ နေရောင်ခြည်တိုက်ရိုက်မထိသော၊ လေပြင်းမတိုက်ခတ်သော အစိုဓါတ်ရှိသည့် ရေချိုးခန်းနှင့် မီးဖိုခန်းတို့တွင်ထားရှိ၍ အလွယ်တကူစိုက်ပျိုးနိုင်၍ စတင်စိုက်ပျိုးပြီး (၇-၁၀)ရက်အတွင်း ဆွတ်ခူးစားသုံးနိုင်ပါသည်။ မှိုမျိုးထုပ်တစ်ထုပ်လျှင် (၃-၄)ကြိမ်အထိ ဆွတ်ခူးနိုင်ပြီး တစ်ကြိမ်လျှင်အများဆုံး (၁၀)ကျပ်သားအထိ ထွက်ရှိနိုင်ပါသည်။

 

၃။         စိုက်ပျိုးရေးဦးစီးဌာန၏ မှိုသုတေသနနှင့် မျိုးပွားခြံများတွင် ငွေနှင်းမှိုမျိုးထုပ် (၂၇၇၅၀)နှင့် ကြွက်နားရွက်မှို မျိုးထုပ် (၁၃၇၅၀)ခန့် ထုတ်လုပ်ထားရှိပြီးဖြစ်သဖြင့် မိမိတို့၏ အိမ်ခြံဝန်းအတွင်း စိုက်ပျိုးရန်အတွက် မှိုမျိုးထုပ်နှင့် နည်းပညာများလိုအပ်ပါက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (၉)မိုင် မှိုခြံ (ဖုန်း-၀၉၄၀၂၅၆၈၉၀၁)၊ ညောင်နှစ်ပင်မှိုခြံ (ဖုန်း-၀၉၄၄၄၀၃၃၃၅၅)၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ (၁၀)မိုင် မှိုခြံ (ဖုန်း-၀၉၄၂၀၁၇၇၁၁၅)၊ ကျောက်တိုင်မှိုခြံ (ဖုန်း-၀၉၄၂၁၁၅၂၇၆၅)၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်မှိုခြံ (ဖုန်း-၀၉၄၂၆၆၅၉၇၃၅)တို့တွင် ဆက်သွယ်စုံစမ်း ဝယ်ယူစိုက်ပျိုးနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန