အီသီယိုးပီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၅၃၇၉ ဦးရှိလာ

စက်တင်ဘာ ၁၅

အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၆၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃၂၅၃၇၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၃၄ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၀၀၁ ဦးရှိသည်။
ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၁၄၆ဦး ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၂၉၃၀၉၂ ဦးရှိသည်။

အီသီယိုးပီးယားနိုင်ငံသည် အာဖရိကတွင် ဒုတိယလူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်ပြီး အရှေ့အာဖရိကဒေသတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအရေအတွက် အများဆုံးနိုင်ငံဖြစ်သည်။
လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူဦးရေ ၂၇၂၈၄ ဦးရှိပြီး ၎င်းတို့အနက် ၇၈၃ ဦးသည် ကျန်းမာရေအခြေအနေဆိုးရွားနေဆဲ ဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို