အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား အမ်းမြို့နယ်မှ ဒေသခံပြည်သူများက ဂုဏ်ပြုကြိုဆို

အမ်း   ဇန်နဝါရီ   ၂၆

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သည့် ရခိုင်ပြည်နယ် အမျိုးသမီး ဘောလုံးအသင်းအား ဂုဏ်ပြု ကြိုဆိုခြင်းကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းသည် အမ်းမြို့နယ်သို့ ရောက်ရှိလာရာ  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဆရာ ဆရာမများ၊ ကျေင်းသား ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ၊ အားကစား ဝါသနာရှင်များက ဂုဏ်ပြုပန်းစည်းများ၊ အောင်သပြေပန်းများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရှိရသည်။

 

မြို့နယ်(ပြန်/ဆက်)