မ်းမြသာစည် ၇ ဇူလိုင်
အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာပြီး လူငယ်လုပ်ငန်းရှင် အများအပြား ပေါ်ထွန်းလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်စေရန်၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် မုန့်မျိုးစုံ နိုင်ငံတကာအဆင့်မီကြောင်း ပြသရန်ရည်ရွယ်ကာ Franchise Launching အခမ်းအနားကို ဇူလိုင် ၆ ရက် နံနက် ၉ နာရီက ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ကျင်းပရာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ လူငယ်စီးပွားရေးစွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌ SP Bakery ၏ CEO ဒေါ်သင်းသင်းကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က စီးပွားရေးလုပ်ငန်းပုံစံ တစ်ခုတည်းပင်ဖြစ်ပြီး အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်မှ နောက်ထပ်လုပ်ငန်းရှင်အား ၎င်းလုပ်ငန်း၏ အမှတ်တံဆိပ်၊ လိုအပ်သည့်ပစ္စည်း၊ ဝန်ဆောင်မှုများအား ပြန်လည်သုံးစွဲစေကာ စီးပွားရေးလုပ်ကိုင် ခွင့်ပြုခြင်းဆိုင်ရာ 5Keys on Franchising အမည်ဖြင့် ဆွေးနွေးဟောပြောခြင်း၊ Mr. Edwin Phua မှ The Future of Franchising အမည်ဖြင့် ဟောပြောပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ Promoting National Brand အမည်ဖြင့် စီးပွားရေးစကားဝိုင်း ဆွေးနွေးပွဲကျင်းပရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ဦးဆောင်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး၊ ဧရာဝတီဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးမြင့်ဇော်၊ Device Consulting Group မှ ဦးတင်ဇံကျော်နှင့် ဦးသူရိန်ငြိမ်း (Founder & MD-MRNL)တို့က ပါဝင်ဆွေးနွေးကြပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားသည်။
သီဟကိုကို(မန္တလေး)