အောင်လံမြို့နယ်အတွင်း၌ မြန်မာနိုင်ငံဖူလုံရေးအဖွဲ့ MMU ဓာတ်ခွဲယာဉ်ဖြင့် ကွင်းဆင်း၍ ဆေးကုသ

အောင်လံ ၂၁  ဇန်နဝါရီ

 

မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့၏ Mobile Medical Unit (MMU) ဓာတ်ခွဲခန်းယာဉ်ဖြင့်   ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ECG ရိုက်ခြင်း၊ သွေးစစ်ဓာတ်ခွဲစမ်းသပ်ခြင်း၊ ဆေးပေးကုသခြင်း လုပ်ငန်းများကို အောင်လံမြို့နယ်အတွင်း၌ ဇန်နဝါရီလ(၁၀)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်လူမှုဖူလုံရေးအဖွဲ့မှ မြို့နယ်တာဝန်ခံ ဒေါ်တင်တင်ညို၊ တာဝန်ခံဆရာဝန် ဒေါက်တာအောင်မျိုးသူနှင့်ဝန်ထမ်းများက ဒေါက်တာကြည်သန့်ဇင်နှင့် ဒေါက်တာဟိန်းထက်အောင်တို့ ပါဝင်သော MMU နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး ကျောက်စွယ်ကျိုးသံမဏိစက်ရုံ၊ ဒုရင်္ဂဗိုလ်သကြားစက်၊ ရုံးဆိပ်မီးခံအုတ်စက်ရုံနှင့် မြို့ပေါ်ရှိ လူမှုဖူလုံရေးရုံး၌ အကြုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမား (၆၀၅)ဦးတို့အား စမ်းသပ်ကုသပေးနိုင်ခဲ့ကြောင်း  အောင်လံမြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံးမှ သိရသည်။

 

မြို့နယ်ပြန်ဆက်