အစိုးရကိုယ်စားလှယ်များနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့၏ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ၊ လိုအပ်သည့်ပစ္စည်းများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ ပေးအပ်နိုင်ရန် စီစဉ်လျက်ရှိ

ရန်ကုန် ၂၂ မေ

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် ယနေ့ မွန်းလွဲ နာရီခွဲက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကိုယ်စားလှယ်အဖွဲ့နှင့် Online Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ ကိုဗစ်-၁၉ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။

 

ယနေ့ဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ တက်ရောက်ကြပြီး ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ဒုတိယဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးသည်။

 

အစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် KNPP ဒုတိယဥက္ကဋ္ဌ ခူဦးရယ်တို့က အဖွင့်အမှာစကား ပြောကြားသည်။

 

ဆွေးနွေးပွဲတွင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက  NCA-S EAO (၁၀) ဖွဲ့ နှင့် မေ () ရက်က ဆွေးနွေးခဲ့သည့် သဘောတူညီချက် ()ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ကိုဗစ်-၁၉ ရောဂါကုသရေး၊ တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့်သူများကိစ္စ၊ ကိုဗစ်-၁၉ လူနာ၊ သံသယလူနာများကိစ္စ၊  နိုင်ငံတကာအကူအညီများ ရယူခြင်းကိစ္စ၊ ကိုဗစ်-၁၉ ရောဂါထိတွေ့လူနာ ရှာဖွေရေးကိစ္စရပ်များ၊ ကော်မတီနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

 

ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကဒီနေ့ NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေထဲက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကျွန်တော်တို့ Online Video Conferencing အစည်းအဝေး လုပ်ပါတယ်။ ကိုဗစ်-၁၉ က တစ်မျိုး သားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ကော်မတီအနေနဲ့ NCA လက်မှတ်မရေးထိုးထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုလည်း ဆက်သွယ်ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေလိုပဲ အဓိကခေါင်းစဉ် () ခုကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ () ကိုဗစ်-၁၉ ထိန်းချုပ်ရေးကိစ္စ၊ () ကုသရေးကိစ္စ () နယ်စပ်ဒေသတွေကနေ ဖြတ်ကျော်ဝင်ရောက် လာမဲ့သူတွေကိစ္စ၊ () နိုင်ငံတကာ အကူအညီရယူရေးကိစ္စ၊ () ကိုဗစ်-၁၉  ထိတွေ့လူနာတွေအတွက် ဆက်လက်ဆောင်ရွက်နိုင်ဖို့ကိစ္စနဲ့ () အထွေထွေကိစ္စရပ်တွေ ဆွေးနွေးပါတယ်ဟု ပြောသည်။

 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း ၂၀၁၂ ခုနှစ် မတ် () ရက်တွင် အစိုးရနှင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး bilateral ကို လက်မှတ်ရေးထိုးထားသည်။

 

KNPP ဆွေးနွေးမှုများနှင့်ပတ်သက်၍ ဦးလှမောင်ရွှေက “KNPP ဘက်က ဆွေးနွေးတာကတော့ သူတို့သည့် ထိုင်းနိုင်ငံနဲ့ ဆက်စပ်တဲ့နေရာမှာ တည်ရှိပြီးတော့ ကိုဗစ်-၁၉ ကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် နေရာ (၁၈) နေရာမှာ စခန်းတွေနဲ့ Screening  point ထားပြီး ဆောင်ရွက်နေတယ်လို့ ရှင်းပြတယ်။ နောက်သူတို့ဒေသမှာ နယ်လှည့်ကုသရေးအဖွဲ့တွေကလည်း နယ်လှည့်ပြီးတော့ ပြည်သူလူထုကို ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်(၁၄) ခုမှာဆို ကယားပြည်နယ်ကလွဲလို့ ကိုဗစ်-၁၉ ရောဂါပိုးလက္ခဏာရှိသူတွေကို ကျန်နေရာတွေမှာ တွေ့နေပါတယ်။ နောက် ကယားပြည်နယ်မှာ ကံကောင်းတာက သူနဲ့ဆက်စပ်နေတဲ့ မယ်ဟောင်ဆောင် ခရိုင်မှာလည်း ခုထိ ကိုဗစ်-၁၉ ပိုးတွေ့ လူနာမတွေ့သေးတဲ့အတွက် ကောင်းပါတယ်။ ဒါကိုလည်း အတတ်နိုင်ဆုံး နှစ်ဖက်ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်ဖို့ဆိုတာလည်း ဆွေးနွေးပါတယ်ဟု ပြောကြားသည်။

 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီသည် ရှေ့လာမည့် ရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံ ပေးအပ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်