အဆိပ်သင့်မှိုများ၏ လက္ခဏာများ

၁ ဇူလိုင်

နှစ်စဉ် မှိုပေါသည့်ရာသီဖြစ်သည့် မိုးရာသီတွင် မှိုစားသုံးခြင်းကြောင့် မှိုအဆိပ်သင့်ခြင်းများဖြစ်ပွားလေ့ ရှိပါသည်။

 

mdnf

ကမ္ဘာပေါ်တွင် မှိုအမျိုးစား (၁၀၀၀) ကျော်ရှိပြီး မှိုအမျိုးအစား (၅၀မှ ၁၀၀) တွင် အဆိပ်ရှိပါသည်။ အဆိပ်ရှိသောမှိုများအနက် အချို့မှာပြင်းထန်စွာ အဆိပ်သင့်စေပြီး၊ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

မှိုဆိပ်ရှိ/မရှိ စမ်းသပ်ရန်နည်းလမ်းမှာ မှိုကိုလက်ဖြင့်ညစ်ကြည့်ပါက အညိုကွက်များဖြစ်ပေါ်လာခြင်းနှင့် ချေကြည့်ပါက သွေးရောင်ထွက်လာခြင်း၊ မှိုဟင်းအတွင်းစတီးဇွန်း(သို့)ဓါးဖြင့်မွှေကြည့်ပါက မှိုဟင်းမဲသွားခြင်း၊ မှိုဟင်းအတွင်း ကြက်သွန်နီဥထည့်လိုက်ပါက ကြက်သွန်နီဥမဲသွားခြင်း၊ မှိုကိုဆားရည်တွင် စိမ်လိုက်ပါက အရောင်မဲလာခြင်းတို့ဖြစ်ပေါ်လာပါသည်။

မှိုအဆိပ်သင့်လက္ခဏာများမှာ မှိုစားပြီး(၂၀)မိနစ်မှ(၄)နာရီအတွင်း မူးဝေအော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း ၊ ဝမ်းသွားခြင်းတို့ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးနိုင်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောအဆိပ်သင့်ပြီး စိတ်အာရုံချောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓါတ်ကျခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

Ref> MRTV

MDN