အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ အဝေးပြေးလမ်းမများတွင် တောဝက်ရိုင်းများ ဖြတ်သန်းသွားလာနေ

၁၆ ဒီဇင်ဘာ

အစ္စရေးနိုင်ငံ ဟိုင်ဖာမြို့ရှိ လမ်းဘေး မြက်ခင်းပြင်ကို အမြစ်ပါမကျန် နုတ်သည့် တောဝက်ရိုင်းအုပ်စု တစ်စုအနား အမျိုးသားတစ်ဦး ချဉ်းကပ်ကာ မောင်းထုတ်ခဲ့သော်လည်း ထိုလူ ပြန်လှည့်သွားပြီးနောက် ယင်းတောဝက်ရိုင်းအုပ်စုသည် ပြန်လည် လှုပ်ရှားသွားလာခဲ့ကြသည်။

 

b2

 

ဒါဇင်နှင့်ချီသော တောကောင်များသည် မြောက်ဘက်ကမ်းရိုးတန်းမြို့တွင် နေထိုင်ကျက်စားကြသည်။

 

b3

 

အမှိုက်ပုံးများကို မွှေနှောက်ရှာဖွေကြပြီး သဘာဝအပင်များကို ဖျက်ဆီးခဲ့ကြသည့် တောဝက်ရိုင်းများကို မောင်းထုတ်ရန်၊ သတ်ပစ်ရန် သဘောတူသူများနှင့် တိရစ္ဆာန်အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအကြား အပြင်းအထန် ဝေဖန်ဆွေးနွေးခဲ့ကြသည်။

ကာမယ်လ် တောင်ခြေ၌ ရှိသည့် ထိုမြို့ရှိ တောဝက်များ၊ မြေခွေးများ၊ ခွေးအများ နှင့် အခြားသောတိရစာ္ဆန်များ ကို အစ္စရေးဉပဒေဖြင့် ကာကွယ်ပေးထားသည်။

တောဝက်များသည် ညပိုင်းတွင် ဟိုင်ဖာမြို့တွင်း ဝင်ရောက်ကာ အစားအစာနှင့်ရေများကို ရှာဖွေစားသောက်ကြသည်မှာ ကာလအတန်ကြာပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း တောဝက်ရိုင်းများသည်  မကြာသေးမီ လများအတွင်း  ပိုမိုရဲတင်းလာကာ အသွားအလာ ပိတ်ဆို့ခြင်း ၊ အများပြည်သူ ဉယာဉ်များကို တူးဆွခြင်း၊ ကြီးမားသောအမှိုက်တောင်းများကို မှောက်ပစ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။

ဉရောပ၊ အာရှနှင့် မြောက်အာဖရိက တို့တွင်တွေ့ရသော တောဝက်ရိုင်းများသည် အရှည်နှစ်မီတာအထိ ကြီးထွားနိုင်သော်လည်း အများစုမှာ သေးငယ်ကြသည်။

ဟိုင်ဖာမြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်ရပ်များတွင် တောဝက်ရိုင်းများသည် လူများကိုတိုက်ခိုက်ခြင်းမရှိခဲ့သော်လည်း အချို့သော ဒေသခံများမှာ စိုးရိမ်နေခဲ့ကြသည်။

ထိုတောဝက်များသည် ၎င်းတို့နေအိမ်များနှင့်ဉယျာဉ်များ သို့ ဝင်ရောက်ကြသောကြောင့် ၎င်းတို့၏ သားသမီးငယ်များ ထိတ်လန့်ကြသည်ဟု အာဗီတယ် အမည်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။

ကိုးကား- အေအက်ဖ်ပီ
ဘာသာပြန်-မြင့်မြင့်ချို