အာရှနဂါးကြီးတစ်ကျော့ပြန်

၁၀ ဇန်နဝါရီ

 

ရွှေမိုးဟိန်းစီစဉ်ရေးသားသည့် အာရှနဂါးကြီးတစ်ကျော့ပြန်စာအုပ် ထွက်ရှိ လာသည်။

 

123

 

တိန့်ရှောင်ဖိန်သည် ၁၉၇၈ ခုနှစ်တွင် စင်ကာပူကို အလည်အပတ်ရောက်ရှိစဉ် စင်ကာပူ၏ အံ့မခန်းအောင်မြင်မှုများကို ချီးကျူးခဲ့သည်။ စင်ကာပူ၏ ခေတ်မီ တိုးတက်စေရေးနည်းလမ်းများသည် အချက်အချာကျသော သေးငယ်လှသည့် ကျွန်း နိုင်ငံလေးတစ်ခုတွင် အဆင်ပြေနိုင်သော်လည်း တရုတ်နိုင်ငံကဲ့သို့ ကမ္ဘာ့တတိယ အကြီးဆုံးနိုင်ငံကြီးအနေဖြင့် မလွယ်ကူလှဟု တွေးထင်ခဲ့သည်။ သို့သော် ကွန်မြူနစ် နိုင်ငံအနေဖြင့် နစ်မွန်းနောက်ကျ ကျန်ရစ်စေမည့်အရေးကို အရင်းရှင်စနစ် တစ်မျိုးစီပြောင်းလဲမည့် လီကွမ်ယု၏ အကြံအစည်ကို လက်ခံခဲ့သည်။ တိန့်ရှောင်ဖိန် သည် လယ်သမားများအား မြေယာခွဲဝေပေးပြီး မြေပိုင်ရှင်များအဖြစ် ဘဝ ပြောင်းလဲစေသည်။ ပင်လယ်ဆိပ်ကမ်းရှိသော ဒေသများတွင် အထူးစီးပွားရေး ဇုန်များ တည်ဆောက်ပေးပြီး လွတ်လပ်သော ဈေးကွက်စီးပွားရေးကို ဖွင့်ချလိုက် သဖြင့် တရုတ်ပြည်၏ စီးပွားရေးတိုးတက်ပြောင်းလဲမှုကို ရေးသားထားသည်။

 

ကြေးမုံ စာအုပ်စင်