အာရှချန်ပီယံလိဂ် အကြိုခြေစစ်ပွဲတွင် ရှမ်းယူနိုက်တက်နှင့် မဲလ်ဘုန်းစီးတီးအသင်း တွေ့ဆုံ

၂၇ ဇန်နဝါရီ

 

၂၀၂၁ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲနှင့် အုပ်စုပွဲများကို ဇန်နဝါရီ ၂၇ ရက်က မဲနှိုက်ရေးဆွဲခဲ့ရာ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အကြိုခြေစစ်ပွဲအဆင့်တွင် သြစတြေးလျကလပ် မဲလ်ဘုန်းစီးတီးအသင်းနှင့် တွေ့ဆုံလျက်ရှိသည်။

 

မြန်မာကလပ်အသင်းများသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်မရသေးဘဲ အကြိုခြေစစ်ပွဲအဆင့်မှ ယှဉ်ပြိုင်နေရခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ပြိုင်ပွဲကို အရှေ့အာရှဇုန်နှင့် အနောက်အာရှဇုန်ခွဲ၍ ကျင်းပလျက်ရှိပြီး မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းသည် အရှေ့အာရှဇုန်တွင် ပါဝင်နေခြင်းဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အရှေ့အာရှဇုန် အကြိုခြေစစ်ပွဲတွင် အသင်းလေးသင်း ပါဝင်ပြီး အနိုင်ရသည့် နှစ်သင်းမှာ Play-off အဆင့်တွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ြဖစ်သည်။ Play-off အဆင့်တွင် အသင်းပေါင်း ရှစ်သင်း ပါဝင်မည်ဖြစ်ပြီး အနိုင်ရသည့်အသင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

 

အကြိုခြေစစ်ပွဲအဆင့်တွင် မဲလ်ဘုန်းစီးတီး (သြစတြေးလျ) နှင့် ရှမ်းယူနိုက်တက် (မြန်မာ)၊ ဘရစ္စဘိန်းရိုအာ (သြစတြေးလျ) နှင့် ကာယာ (ဖိလစ်ပိုင်) တို့ တွေ့ဆုံနေသည်။ ရှမ်းယူနိုက်တက်အသင်းသည် အကြိုခြေစစ်ပွဲအဆင့်တွင် အနိုင်ရပါက Play-off အဆင့်တွင် ဂျပန်ကလပ် ဆီရီဇိုအိုဆာကာအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ပါက ရှန်ဒေါင်လူနင် (တရုတ်)၊ Port (ထိုင်း)၊ ကစ်ချီ (ဟောင်ကောင်) တို့ပါဝင်သည့် အုပ်စု (J) သို့ ကျရောက်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်