အာဖဂန်တပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် စစ်သွေးကြွကိုးဦးသေဆုံး

၂၆ နိုဝင်ဘာ

 

အာဖဂန်အနောက်ပိုင်း Herat ပြည်နယ်  အိုဘီခရိုင်တွင် အာဖဂန်တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွကိုးဦး သေဆုံးခဲ့သည်ဟု ယနေ့တွင် စစ်ဘက်ဆိုင်ရာကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

 

တာလီဘန်စစ်သွေးကြွများသည် အိုဘီခရိုင်ရှိ လုံခြုံရေးဂိတ်များကို ယမန်နေ့မွန်းလွဲပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သွေးကြွကိုးဦး သေဆုံးခဲ့ပြီး စစ်သွေးကြွ ရှစ်ဦးအထက် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

အစိုးရတပ်ဖွဲ့များ ဒဏ်ရာရသေဆုံးမှုကို ဖော်ပြခြင်းမရှိပဲ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကဘူးလ်မြို့၏အနောက်ဘက် ကီလိုမီတာ ၆၄၀ အကွာ Herat ပြည်နယ်တို့တွင် လှုပ်ရှားနေသော တာလီဘန်စစ်သွေးကြွများကမူ ထိုသတင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို