အာဖဂန်နစ္စတန်တွင် လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွား ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

articles_advs

၆ နိုဝင်ဘာ

 

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် ကန်ဒါဟာမြို့၌ ယနေ့တွင် ရဲကားတစ်စီး လမ်းဘေးဗုံးထိမှန်ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျမ်လာဘာရစ်ဇိုင်း က ပြောကြားခဲ့သည်။

 

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုစတင်လုပ်ဆောင်နေသည်ဟု ဘာရစ်ဇိုင်းက ဆိုသည်။

 

၎င်းက ထိုဖြစ်ရပ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။

 

ကန်ဒါဟာဒေသသည် ယခင်က တာလီဘန်စစ်သွေးကြွများ၏ အမာခံနယ်မြေ ဖြစ်သည်။

 

ပြီးခဲ့သည့် လအနည်းငယ်က တာလီဘန်ဦးဆောင်သော စစ်သွေးကြွများ လှုပ်ရှားရာနေရာလည်းဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို