အာဖဂန်နစ္စတန်တွင် လေကြောင်း တိုက်ခိုက်မှုဖြစ်ပွား တာလီဘန်စစ်သွေးကြွ ၂၁ ဦး သေဆုံး

၂၁ မေ

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဂျဝါဇန်ပြည်နယ်ရှိ တာလီဘန်တို့ စုဝေးရာနေရာကို လေကြောင်းတိုက်ခိုက်မှု ယနေ့တွင် ပြုလုပ်ခဲ့သဖြင့် တာလီဘန်စစ်သွေးကြွ ၂၁ ဦး သေဆုံးကြောင်း မြောက်ပိုင်းဒေသရှိစစ်တပ် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဟာနစ် ရီဇိုင်က ပြောသည်။

ဂျဝါဇန်ပြည်နယ် မန်ဂျစ်ခရိုင်ရှိ တာလီဘန်တို့ ပုန်းအောင်းရာ နေရာနှစ်ခုကို တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ရာ စစ်သွေးကြွ ၂၁ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံအတွင်းရှိ စစ်သွေးကြွများရှိရာနေရာများကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံမြောက်ပိုင်း ကူဒက်ပြည်နယ်၌ ယမန်နေ့ညနှောင်းပိုင်း က ဖြစ်ပွားခဲ့သော အလားတူလေကြောင်းတိုက်ခိုက်မှုတွင် တိုက်ခိုက်သူ ခြောက်ဦးသေဆုံးခဲ့သော တာလီဘန်စစ်သွေးကြွများကမူ မှတ်ချက်ပြုပြောကြားခြင်း မရှိသေးပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို