အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွား စစ်သွေးကြွလေးဦးသေဆုံး

၂၇ ဇန်နဝါရီ

 

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း တာကာပြည်နယ် အီရှာခ်မစ်ခရိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ တာလီဘန်ဒေသခံတပ်မှူးအပါအဝင် စစ်သွေးကြွလေးဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဂျောဝဒ်ဟာဂျာရီ က ပြောကြားခဲ့သည်။

 

တာလီဘန်စစ်သွေးကြွအုပ်စု တစ်စုက ရဲစစ်ဆေးရေးဂိတ်တစ်ခုကို မနက် ၂ နာရီ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့နှင့်အချိန်အတန်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် တာလီဘန် တပ်မှူး မူလရှ် ရှာရှ် ဒူလာ အပါအဝင် စစ်သွေးကြွလေးဦး သေဆုံးခဲ့ပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုတာဝန်ရှိသူ က ပြောကြားခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့တာဝန်ရှိသူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုတာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

 

တာကာနှင့် အိမ်နီးချင်းဖြစ်သော ကန်ဒက်ဇ်ပြည်နယ် ဒေသများတွင် လှုပ်ရှားနေသော တာလီဘန် စစ်သွေးကြွများကမူ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခြင်း မရှိပေ။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို