အာဇာနည်ဗိမာန်သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

 

  • လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ် အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဗူးအမျိုးမျိုး၊ အလံ ကိုင်ဆောင်ရာတွင် အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/သံပိုက်များ ယူဆောင်၍ အာဇာနည် ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
  • လာရောက်သူများအားလုံး နှာခေါင်းစည်း(Mask)များ မပျက်မကွက်စနစ်တကျတပ်ဆင်ရန်၊
  • သတ်မှတ်ပေးထားသော နေရာများတွင် စနစ်တကျလက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand  Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်၊
  • ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းနှင့် လင့်လမ်းဆုံတွင် ကိုယ်အပူချိန်တိုင်းတာခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန်၊
  • ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသတ်မှတ်ထားသော Social/ Physical  Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက်အကွာအဝေးများကို ()ပေအကွာအဝေးအတိုင်း လိုက်နာ နိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်၊
  • ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀. ဒီဂရီဖာရင်ဟိုက်) ချောင်းဆိုး ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်၊
  • အာဇာနည်ဗိမာန်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊
  • အာဇာနည်ဗိမာန်ရင်ပြင်ပေါ်တွင် ဂါရဝပြုသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ()ပေခြား၍ တစ်ကြိမ်လျှင် (၁၂)ဦးစီဖြင့် သတ်မှတ်နေရာတွင် ဂါရဝပြုအလေးပြုရန်နှင့် ပြန်လည်ထွက်ခွာ ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး ()ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်၊
  • ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် (COVID-19)ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရန်၊
  • သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများနေဖြင့် လုံးဝ(လုံးဝ)လာရောက်ခြင်း မပြုရန်၊
  • ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အင်အားကုန်ခမ်းခြင်း စသည့်ရောဂါ လက္ခဏာများဖြစ်ပွားနေပါက လုံးဝ(လုံးဝ)လာရောက်ခြင်း မပြုရန်၊
  • အစုလိုက် အလေးပြုသည့်အချိန်အား (၁၅)မိနစ်ထက် ပိုမကြာစေရန်။