အာဂျင်တီးနားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၆၆၅၂ ဦးရှိ

ဗျူနိုအေးရိစ် ဇန်နဝါရီ ၁၇

 

အာဂျင်တီးနားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၆၆၅၂ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ရောဂါ ကူးစက်ခံရသူပေါင်း ၇၀၂၉၆၂၄ ဦးရှိလာကြောင်း အာဂျင်တီးနား ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

 

ထို့ပြင် အာဂျင်တီးနားကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၈၈ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၁၁၇၉၈၉ ဦးရှိလာ ကြောင်း သိရသည်။ ။

 

လက်ရှိတွင် အာဂျင်တီးနားနိုင်ငံ၌ အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါး ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၉၆၅ ဦး ရှိကြောင်းလည်း သိရသည်။

 

ထို့ပြင် အာဂျင်တီးနားနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုအစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၈၂၀၂၆၅၈၈ လုံး အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်