အာဆီယံဖူဆယ်ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း စတင်ပြင်ဆင်

ရန်ကုန်   ဇန်နဝါရီ   ၂၆

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် အာဆီယံ ဖူဆယ်ပြိုင်ပွဲနှင့် (၃၁) ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဇန်နဝါရီ ၂၃ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

ပြန်လည်ဖွဲ့စည်း မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းကို ပဏာမကစားသမား ၂၂ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်က ကိုင်တွယ်လျက်ရှိသည်။ မြန်မာ ဖူဆယ်အမျိုးသားအသင်းသည် ဧပြီလတွင် အာဆီယံဖူဆယ်ပြိုင်ပွဲ၊ မေလတွင် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို ယခင်လက်ရွေးစင် ကစားသမားအများစုဖြင့် ပြန်လည်ဖွဲ့စည်းထားပြီး ကစားသမားသစ်အချို့လည်း ရွေးချယ်ခံထား ရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဒေါက်တာရဲမွန်ထွဋ်၊ အသင်းမန်နေဂျာ ဦးရဲဝင်းထွန်း၊ နည်းပြချုပ်-ဘန်လက်ချာယိုဝန် (ထိုင်း)၊ လက်ထောက်နည်းပြများ-ဦးဌေးမြင့်၊ ဦးကျော်ဇင်ညွန့်၊ ဂိုးနည်းပြ-ဦးထွန်းထွန်းလတ်၊ ကြံ့ခိုင်ရေးနည်းပြ- Mr.Tawan Wutti (ထိုင်း)၊ ဂိုးသမားအဖြစ် ကျော်ထက်အောင် (MIU FC)၊ ဇွဲပြည့်စုံ (VUC FC)၊ မိုးမင်းအောင် (Myoma FC)၊ အာဆီယံဖူဆယ်ပြိုင်ပွဲမှ ကစားသမားများအဖြစ် ဟိန်းမင်းစိုး (MIU FC)၊ မျိုးမြင့်စိုး (VUC FC)၊ ဇော်ဝဏ္ဏ (Myoma FC)၊ကိုကိုလွင် (MIU FC)၊ စိုင်းပြုံးအောင် (MIU FC)၊ ဝေဇင်ဦး (VUC FC)၊ ထက်မြတ်ထွန်း (M2K FC)၊ ထက်မြတ်နိုင် (Myoma FC)၊ မျိုးသက်အောင် (MIU FC)၊ ငြိမ်းမင်းစိုး (VUC FC)၊ ထွဋ်ဝေထွန်း (VUC FC)၊ ချမ်းသာ (VUC FC)၊ ထွန်းအောင်ကျော် (Dream Team FC)၊ သိုင်းဘွဲ့အောင် (M2KFC)၊ ခင်ဇော်လင်း (MIU FC)၊ ရဲမင်းခန့် (MIU FC)၊ နိုင်လင်းထွန်းကျော် (VUC FC)၊ လှိုင်မင်းထွန်း (MIU FC)နှင့် အောင်ဇင်ဦး (VUC FC) တို့ ပါဝင်သည်။

မြန်မာဖူဆယ်အမျိုးသားအသင်းသည် ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် အာဆီယံဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက်ပိုင်း နှစ်နှစ်ကျော်အကြာမှ နိုင်ငံတကာပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။

ကိုညီလေး