(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

ပုလဲ ၁၂  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်  ၊ ပုလဲမြို့၌ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ  ၊ မြို့နယ် ပညာရေးမှူးရုံး၊မြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍    (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို  စာဖတ်ရှိန် မြှင့်တင်ရေး  ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

 “ မြန်မာနိုင်ငံရဲ့   အနာဂတ်မှာ     ခေါင်းဆောင်      ဖြစ်လာမယ့်   ကလေးများတွေရဲ့   ဉာဏ်ရည် ဉာဏ် သွေးနှင့် အယူအဆများ  ထက်မြက်လာစေရန်၊ ကလေးများရဲ့   တီထွင်ဖန်တီးလိုစိတ်များ ရင့်သန်လာစေရန်၊ ကလေးများ    စာပေနှင့်ရင်းနှီးပြီး   စာဖတ်ဝါသနာ  ပါလာစေရန် ၊ ကလေးများ အတွက် ပျော်ရွှင်မှုကို ဖန်တီးပေးရန်၊ စာတတ်သူတိုင်း       စာဖတ်တဲ့   အလေ့အကျင့် ကောင်းများ     ရရှိလာစေရန်နှင့် သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်တဲ့ အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို သိရှိလာစေရန်  ရည်ရွယ်ချက် များဖြင့် ( ၉၉ )နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို   စာဖတ်ရှိန်မြှင့်တင်ရေးပွဲများအဖြစ်  အခြေခံပညာ အထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲ ၊    အလယ်တန်းအဆင့်  စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ၊ မူလတန်းအဆင့် မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့်  ဆေးရောင်ခြယ်ပြိုင်ပွဲများကို   စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် နိုဝင်ဘာ ၈ရက်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့နှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး   ပြုလုပ်ပြီး    စီမံဆောင်ရွက်ထားရှိပြီး ဖြစ်ပါတယ်  ” ဟု ပုလဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းစိုးကပြောသည်။

                       

အဆိုပါ ( ၉၉ )နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ရှိန် မြှင့်တင်ရေး ပြိုင်ပွဲများကို နိုဝင်ဘာ   ၁၆ ရက်နေ့တွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊  လူထု အခြေပြု ဗဟိုဌာန( Community    Centre  )နှင့်  ပုလဲမြို့  ၊  အခြေခံပညာ အထက်တန်း ကျောင်း၌  ကျင်းပမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များ  ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

 

မြင့်သိန်းစိုး(ပြန်/ဆက်)