(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကော်မတီအတွင်းရေးမှူး  ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဉီးမောင်မောင်အုန်းက ပြည်ထောင်စုအလံတော် သယ်ယူရေးကိစ္စ၊     တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အလှပြယာဉ်များ   ကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဉီးရဲတင့်က   ဖျော်ဖြေရေးအဖွဲ့များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး   အခမ်းအနားသို့ တက်ရောက်လာကြသူများက   အလှပြယာဉ်များ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု၊  ဖျော်ဖြေရေးအဖွဲ့များ လေ့ကျင့်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

(သတင်းစဉ်)