(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပမည်

မိုင်းယောင်း ၁၈ ဇန်နဝါရီ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

123


အဆိုပါ အားကစားပြိုင်ပွဲများတွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ(အမျိုးသား)ဘောလုံးပြိုင်ပွဲနှင့် ကြက်တောင်ရိုက် ပြိုင်ပွဲအပါအဝင် ပြေးခုန်ပစ်  ၁၀ မျိုး၊ သံပုံးရိုက်၊ အာလူးကောက်၊ မီးထွန်း၊ အပ်နဖားထိုး၊ စကောရွက်၊ အိတ်စွပ်၊ မုန့်စား၊ သုံးချောင်းထောက်ပြိုင်ပွဲများ၊ ရိုးရာယဉ်ကျေးမှု အကအလှပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။


MDN