(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများ အမြို့မြို့အနယ်နယ်တွင် ကျင်းပ

၄ ဇန်နဝါရီ 

 

IMG_20190104_085539 (တနသာၤရီ)

 

တနင်္သာရီ  

 

၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ တွင်  အထက-တနင်္သာရီ ကျောင်းဝင်းယာယီမဏ္ဍပ်၌ ကျင်းပပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ နံနက် ၇ နာရီအချိန်တွင် အဆိုပါမဏ္ဍပ်၌ သဝဏ်လွှာဖတ်ပွဲကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအားစုပေါင်းအလေးပြုကြပြီး နိုင်ငံတော်သမ္မတထံမှပေးပို့သော လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က ဖတ်ကြားပေးခဲ့သည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

 

_DSC1197.

 

မြို့သစ်

 

မြို့သစ်မြို့ ၌ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလေးပြုအခမ်းအနားကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူးက သဝဏ်လွှာဖတ်ကြားခြင်း၊ အလေးပြုအခမ်းအနားကို တက်ရောက်လာသောဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်း ရရှိသည်။

 

ဇော်ဇော်(မြို့သစ်)

 

_DSC1241

 

ရေး

 

(၇၁) ကြိမ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို မွန်ပြည်နယ် ရေးမြို့  လွတ်လပ်ရေးကျောက်တိုင် ကွင်း၌ ဇန်နဝါရီ ၄ ရက်နေ့ မနက်က ကျင်းပရာ နိုင်ငံတော်အလံကို ဂုဏ်ပြုအလေးပြုခြင်းနှင့်အတူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့လာသည့် သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ဖတ်ကြားပေးခဲ့သည်။

 

နေမျိုးထွဋ်  (ရေး)

 

04012018 PKU News1-3

 

ပဲခူး

 

ဇန်နဝါရီ ၄ ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအနောက်မုခ် ယာဉ်ရပ်နားကွင်းတွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ စစ်တီးဝိုင်းအဖွဲ့နှင့် အလံတင်တပ်ဖွဲ့တို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စင်မြင့်ပေါ်ရှိ တိုင်ထိပ်တွင် လွှင့်တင်ကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် လွတ်လပ်ရေး အခမ်းအနားများကို ကျင်းပခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပ ပြုလုပ်ပေးသည့်အပြင် ရပ်ကွက်အသီးသီးတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

DSC04774 (လင်းခေးခရိင် မိုးနဲ)

 

မိုးနဲ

 

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို လင်းခေးခရိုင် မိုးနဲမြို့နယ် ဟော်ဝင်းအတွင်း ယနေ့ နံနက် ၄ နာရီ မိနစ် ၂ဝ က ကျင်းပရာအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ နှင့်လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံကို လွှင့်တင်ခြင်း၊ အလေးပြုခြင်း နှင့်အခမ်းအနားသို့ တက်ရောက်လာကြသူများက အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်သမ္မတထံမှပေးပို့သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က ဖတ်ကြားတင်ပြခဲ့သည်။ ဆက်လက်၍ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ နှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများ တွင်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး အားကစားပြိုင်ပွဲ များဖြင့် လွတ်လပ်ရေးနေ့ကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြောင်း သိရသည်။

 

DSC_0013.JPG

 

ပေါင်    

 

၂၀၁၉ ခုနှစ်၊  ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် ပေါင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။ထို့နောက် အခမ်းအနားသို့ တတ်ရောက်လာကြသော ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၊ မြို့မရဲစခန်မှ စစ်သည်များ၊ ကြက်ခြေနီနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီဝင်များ၊ ဒေသခံတိုင်းရင်းသားများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများသည် သတ်မှတ်ထားသော စုရပ်အသီးသီးမှ ပေါင်မြို့အားကစားရုံခန်းမသို့ နံနက် ၆ နာရီခွဲတွင် ဝင်ရောက် နေရာယူကြသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့်တက်ရောက်လာကြသူများက နိုင်ငံတော်အလံကို အလေးပြုကြရာ ဂုဏ်ပြုဘင်ခရာအဖွဲ့က နိုင်ငံတော်သီးချင်းကို တီးမှုတ်ကြသည်။    ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ရဲဘော်အပေါင်းအား အလေးပြုပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ၂၀၁၉ ခုနှစ် ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ဖတ်ကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသော "သတင်းစကား"လက်ကမ်းစာစောင်ကို တတ်ရောက်လာသော ဌာနဆိုင်ရာများ ပြည်သူများကို ပေးဝေခဲ့ကြောင်း သိရသည်။

 

ကိုဟိန်း (ပေါင် ) 

 

DSC04918.JPG

 

ဟားခါး        

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၄ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဝမ္မသူးမောင်အားကစားကွင်းကျင်းပပြုလုပ်ရာ အစီအစဉ်အရ အလံတင်အခမ်းအနားကို နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးဂုဏ်ပြုတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့ အစီအစဉ် အတိုင်းလွှင့်တင်ပေးခဲ့ကြသည်။ ထို့နောက် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာကြသည့်ပရိသတ်များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

 

ခရိုင်(ပြန်/ဆက်)

 

IMG_20190104_085301

 

ရန်ကုန်    

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသောသတင်းစကား လက်ကမ်းစာစောင်များအား မြို့နယ်အတွင်းရှိ ကျောင်းများ၊ ဈေးများနှင့် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားများတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများမှ ပြည်သူများ၊ ကျောင်းသား/သူများ၊ အသင်းအဖွဲ့များသို့ ဝေငှခဲ့ကြောင်း သိရသည်။

 

ဒဂုံမြောက် (ပြန်/ဆက်)

 

_DSC1264

 

ပခုက္ကူ 

 

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဇန်နာဝါရီလ ၄ ရက် နံနက်ပိုင်းက ပခုက္ကူမြို့၊လွတ်လပ်ရေးပန်းခြံနှင့်နေရာအသီးသီးတို့တွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို နံနက် ၄ နာရီ မိနစ်၂၀ အချိန်တွင် ကျင်းပပြီး သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက် ၇ နာရီအချိန်က ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၇၁)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာအား ပခုက္ကူခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်အံ့မောင်က ဖတ်ကြားသည်။ အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့ နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ကြပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေကြကြောင်း သိရသည်။

 

ဆလိုင်းကိုကီး