(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းခေးမြို့နယ်၊ ဝမ်ဟတ်ကျေးရွာတွင် စုပေါင်း သန့်ရှင်းရေးပြုလုပ်

လင်းခေး   ၁၇ စက်တင်ဘာ

 

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာ ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဝမ်ဟတ် တိုက်နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

လင်းခေး၊ ခရိုင်ပြန်/ဆက်