(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

နေပြည်တော် ၂၄ စက်တင်ဘာ

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၁၀ နာရီတွင် မှုခင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အမျိုးသား/အမျိုးသမီး (၃၀)တို့သည် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး၊ ခုတင် (၁၀၀၀) သွေးလှူဘဏ်ဌာနသို့ သွားရောက်၍ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ (၆)ကြိမ်မြောက်အဖြစ် စုပေါင်းသွေးလှူဒါန်းခဲ့သည်။

စုပေါင်းသွေးလှူဒါန်းပွဲသို့ မှုခင်းရဲတပ်ဖွဲ့မှ လက်နက်ခဲယမ်းနှင့် ပေါက်ကွဲမှုစစ်ဆေးရေး ဌာန၊ ဌာနမှူး ရဲမှူးကြီး သန်းထွန်းအောင်နှင့် အရာရှိကြီးများ လာရောက်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို အာဟာရဖြည့် စားသောက်ဖွယ်ရာများ ကျွေးမွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်