(၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု စုပေါင်းသွေးလှူဒါန်း

နေပြည်တော်  ၂၄  စက်တင်ဘာ

 

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ (၁)ရက်တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၁၀ နာရီတွင်  မှုခင်းရဲတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင် အမျိုးသား/ အမျိုးသမီး(၃၀)တို့သည် နေပြည်တော်၊ ပြည်သူ့ဆေးရုံကြီး၊ ကုတင် (၁၀ဝ၀) သွေးလှူ ဘဏ်ဌာနသို့ သွားရောက်၍ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ (၆) ကြိမ်မြောက်အဖြစ် စုပေါင်းသွေးလှူဒါန်းခဲ့သည်။

 

စုပေါင်း သွေးလှူဒါန်းပွဲသို့ မှုခင်းရဲတပ်ဖွဲ့မှ လက်နက်ခဲယမ်းနှင့် ပေါက်ကွဲမှုစစ်ဆေးရေး ဌာန၊ ဌာနမှူး ရဲမှူးကြီး သန်းထွန်းအောင် နှင့်အရာရှိကြီးများ လာရောက်ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို အာဟာရဖြည့် စားသောက်ဖွယ်ရာများ ကျွေးမွေးခဲ့ ကြောင်းသိရသည်။ ‌

 

 (သတင်းစဉ်)