၂၆ ဦးလိုက်ပါလာသည့် PICKUP ယာဉ်တစ်စီး အမြန်လမ်းမကြီးတွင် တိမ်းမှောက်၍ တစ်ဦးသေ၊ ၂၃ ဦး ဒဏ်ရာရ

နေပြည်တော် ၇ ဇူလိုင်

 

ယနေ့ မွန်းတည့် ၁၂ နာရီက ပျော်ဘွယ်မြို့နယ်၊ ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၇၁/၅ နှင့် ၂၇၁/၆ ကြားတွင် ယာဉ်မောင်း စန်မဂျေး (၂၉)နှစ်၊ (ဘ) ဦးဆီဆံက ညောင်ကားယားကျေးရွာ၊ ဖြူးမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် BGO 1Q/xxxx CHANA PICKUP ယာဉ်မောင်းပါ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၂ ဦး လိုက်ပါလာသော ယာဉ်သည် ယာဘက်နောက်ဘီးပေါက်၍ အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

 

ဖြစ်စဉ်ကြောင့် မဌေး (၅၄)နှစ် ဇီးတန်းရပ်ကွက်၊ ဖြူးမြို့နေသူမှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး အမျိုးသား ၂ (စိုးရိမ်ရ)၊ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၁ ဦး (မစိုးရိမ်ရ) စုစုပေါင်း ၂၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ပေပင်လေး အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

MDN

ဓာတ်ပုံ- အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

 

mdn