၂၂ နှစ်အောက် ထူးချွန်ပြိုင်ပွဲဝင် လူငယ်များရွေးချယ်မည့် မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၂၀) ကျင်းပမည်

နေပြည်တော် ၂၁ ဇန်နဝါရီ

 

ထူးချွန်ပြိုင်ပွဲဝင် လူငယ်များရွေးချယ်မည့် မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၂၀)ကို ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက်တွင် တပ်မတော်ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ(၂၀၂၀)တွင် မြန်မာနိုင်ငံမှ အသက် ၂၂ နှစ်အောက် ကျွမ်းကျင်လုပ်သားများက သက်ဆိုင်ရာအလုပ်အကိုင်များကို ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ထူးချွန်သည့် ကျွမ်းကျင်လုပ်သားများကို ရွေးချယ်၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံအဆင့် ကျွမ်းကျင်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်မျိုး