၂၀၂၁ ခုနှစ် တစ်နှစ်တာကာလ ယာဉ်မတော်တဆမှုဖြစ်စဉ်များကြောင့် လူဦးရေ ၃၀၀၀ ကျော်သေဆုံး၍ ၈၀၀၀ ကျော်ဒဏ်ရာရရှိ

ရန်ကုန်  ဇန်နဝါရီ  ၂၁

၂၀၂၁ ခုနှစ် တစ်နှစ်တာကာလအတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ယာဉ်မတော်တဆမှုများဖြစ်ပွားခဲ့ရာ ယာဉ်တိုက်မှုစုစုပေါင်း (၆)ထောင်ကျော် ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၃၀၀၀ ထောင်ကျော်သေဆုံး၍ ၈၀၀၀ ထောင်ကျော်ဒဏ်ရာရရှိခဲ့ကြောင်း  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ် တစ်နှစ်တာကာလအတွင်း နေပြည်တော်၌ယာဉ်တိုက်မှု ၁၈၁ ကြိမ်၊ ကချင်ပြည်နယ်၌ ၂၅၇ ကြိမ်၊ ကယားပြည်နယ်၌ ၁၄ ကြိမ်၊ ကရင်ပြည်နယ်၌ ၁၇၀ ကြိမ်၊ ချင်းပြည်နယ်၌ ၂၃ ကြိမ်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၃၄၁ ကြိမ်၊ တနင်္သာရီ တိုင်းဒေသကြီး၌ ၂၁၅ ကြိမ်၊ ပဲခူးတိုင်းဒေသကြီး၌ ၈၁၃ ကြိမ်၊ မကွေးတိုင်းဒေသကြီး၌ ၅၂၀ ကြိမ်၊ မန္တလေးတိုင်း ဒေသကြီး၌ ၆၉၀ ကြိမ်၊ မွန်ပြည်နယ်၌ ၅၆၀ ကြိမ်၊ ရခိုင်ပြည်နယ်၌ ၁၈၂ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး၌ ၉၁၅ ကြိမ်၊ ရှမ်းပြည်နယ်၌ ၅၉၅ ကြိမ်၊ ဧရာ၀တီတိုင်းဒေသကြီး၌ ၆၉၁ ကြိမ်၊ အမြန်လမ်းနှင့်အခြား၌ ၂၅၃ ကြိမ်ဖြင့် ယာဉ်တိုက်မှုစုစုပေါင်း ၆၄၂၀  ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်များကြောင့် လူသေဆုံးမှုနှင့်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ရာ နေပြည်တော် ၌ ၁၃၁ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၁၄၇ ဦး၊ ကချင်ပြည်နယ်၌  ၁၅၁ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၃၁၁ ဦး၊ ကယားပြည်နယ်၌ ၉ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၁၅ ဦး၊ ကရင်ပြည်နယ် ၌ ၈၉ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၂၂၆ ဦး၊ ချင်းပြည်နယ်၌ ၁၇ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၃၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ၌ ၁၉၈ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၄၆၈ ဦး၊ တနင်္သာရီတိုင်းဒေသကြီး ၌ ၁၁၄ ဦး သေဆုံး၍ ဒဏ်ရာရရှိသူ ၃၁၈ ဦး၊ ပဲခူးတိုင်းဒေသကြီး ၌ ၃၆၃ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၁၀၇၀ ဦး၊ မကွေးတိုင်းဒေသ ကြီး ၌ ၁၉၉ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၇၄၅ ဦး၊ မန္တလေးတိုင်းဒေသကြီး ၌ ၃၉၄ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၇၈၃ ဦး၊ မွန်ပြည်နယ် ၌ ၂၂၄ ဦးသေဆုံး၍  ဒဏ်ရာရရှိသူ ၈၂၆ ဦး၊ ရခိုင်ပြည်နယ် ၌ ၁၂၁ ဦးသေဆုံး၍ ဒဏ်ရာ ရရှိသူ ၂၈၉ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ၌ ၄၅၀ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၉၁၅ ဦး၊ ရှမ်းပြည်နယ်၌ ၃၁၄ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၇၅၉ ဦး၊ ဧရာ၀တီတိုင်းဒေသကြီး ၌ ၂၈၆ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၁၀၁၁ ဦး၊ အမြန် လမ်းနှင့်အခြား ၌ ၉၈ ဦး သေဆုံး၍ ဒဏ်ရာရရှိသူ ၃၉၇ ဦးရှိခဲ့ရာ  သေဆုံးသူစုစုပေါင်း ၃၁၅၈ ဦးနှင့် ဒဏ်ရာရရှိသူစုစုပေါင်း ၈၃၁၁ ဦးရှိကြောင်းသိရသည်။

အဆိုပါ ၂၀၂၁ ခုနှစ် တစ်နှစ်တာကာလအတွင်း ယာဉ်တိုက်မှု အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပြီး ဒုတိယအများဆုံးမှာ ပဲခူးတိုင်းဒေသကြီးဖြစ်ကြောင်း၊ ယာဉ်တိုက်မှုများကြောင့် သေဆုံးမှု အများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ဒုတိယသေဆုံးမှုအများဆုံးမှာ မန္တလေးတိုင်းဒေသကြီး ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှထုတ် ပြန်ချက်အရ သိရသည်။

သတင်း(ပွင့်သစ္စာ)

ဓာတ်ပုံ(စိုးမြင့်အောင်)