၂၀၂၀ WLC ၏ တစ်နှစ်တာ အကောင်းဆုံး လက်ဝှေ့ကစားသမားဆုများ Voting စနစ်ဖြင့် ပရိသတ်များ ပါ၀င်ရွေးချယ်နိုင်

ရန်ကုန်၊ ၄   ဒီဇင်ဘာ

မြန်မာလက်ခမောင်းကုမ္ပဏီမှ စီစဉ်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ်အတွက် WLC ၏ တစ်နှစ်တာ အကောင်းဆုံး လက်ဝှေ့စားသမားဆုများကို ပရိသတ်များအနေဖြင့် Voting မဲစနစ်ဖြင့်  ပါ၀င်ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

World Lethwei Championship ၏ ၂၀၂၀ ပြည့်နှစ်အတွက် ချီးမြှင့်ပေးမည့် အကောင်းဆုံး ဆုများ ရွေးချယ်ပွဲအတွက် ပရိသတ်များအနေဖြင့် ဒီဇင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် ည ၇ နာရီ နောက်ဆုံး ထားကာ www.wlc.com.mm/vote တွင် ပါ၀င်မဲပေးရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ်၏ Come Back fighter of the year  ဆုအတွက် ဆန်ခါတင် ရွေးချယ်ထားသည့် ကစားသမား များထဲတွင် အန်တိုနီယာ ဖာရီရာ၊ စိုးမင်းအောင်၊ တွဲဆိုင်းများအနေဖြင့် ဆိုရိစ်မန်ဖရက်ဒီ နှင့် မိုင်ရှာကက်ဇ်၊ အန်တိုနီယိုဖာရီယာ နှင့် ဖရန်စစ္စကိုမီညာလက်စ်၊ စိုးမင်းအောင် နှင့် အာသာတီ၊ ဟိန်းထွန်းအောင် နှင့် အမ်ဆိုသီ၊ လင်းထက်နိုင် နှင့် ဇင်ဘို တို့ကို ရွေးချယ်နိုင်မည်ဖြစ်သည်။

 

Fighter of The Year ဆုအတွက်တွင်မူ  ဆန်ခါတင်စာရင်းတွင်  အန်တိုနီယာဖာရီယာ၊ တူတာဗို့၊ စိုးမင်းအောင်၊ ဟိန်းထွန်းအောင်၊ မစ်ဂ်မားဆရန်ဘိုခူး စသည့်ကစားသမားများပါ၀င်လျက်ရှိပြီး ပရိသတ်များအနေဖြင့် မဲပေးရွေးချယ် နိုင်မည်ဖြစ်ကြောင်း သိရသည်။

အာကာစိုး