၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို www.moe.gov.mmနှင့် www.myanmarexam.org တို့တွင်  ဩဂုတ် ၉ ရက် နံနက် ၀၀ နာရီ မိနစ် ၃၀ ၌ အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်ကြေညာမည်

နေပြည်တော် ၈ ဩဂုတ်

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းများကို ဩဂုတ် ၉ ရက် နံနက် ၀၀ နာရီ မိနစ် ၃၀ တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးရေးကာလဖြစ်သဖြင့် ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာ ကျောင်းများတွင် အောင်စာရင်းများကို ကပ်ထားကြေညာခြင်းပြုမည်မဟုတ်ဘဲ www.moe.gov.mmနှင့် www.myanmarexam.org တို့တွင် တိုက်ရိုက် ထုတ်ပြန်ကြေညာပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်တွင် အောင်စာရင်းများကို အွန်လိုင်းမှ ထုတ်ပြန်ကြေညာပေးမည်ဖြစ်သော်လည်း အင်တာနက် အလွယ်တကူ မရရှိနိုင်သည့် နေရာများအတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းရလဒ်များကို မြန်မာ့အသံ ရေဒီယို၊ Skynet Education အစီအစဉ်များကပါ တိုက်ရိုက် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အွန်လိုင်းဖြင့် တိုက်ရိုက် ကြည့်ရှု၍ မရနိုင်သော နေရာများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာများ အတွက် အောင်စာရင်းများကြည့်ရှုနိုင်ရန် Call Center အဖွဲ့ ၇ ဖွဲ့ကို ဖွဲ့စည်းထားရှိ ပြီး အောင်စာရင်းများကို မိုဘိုင်းဖုန်းများဖြင့် လွယ်ကူလျင်မြန်စွာ ကြည့်ရှုနိုင်ရန်အတွက် မိုဘိုင်း အက်ပလီကေးရှင်းများကိုလည်း ပြုလုပ်ဖန်တီးပေးထားကြောင်း သိရသည်။

 

MDN