၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ အတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ  ၅ ဦး နှင့် ပြည်တွင်း အလုပ်နေရာ ၁၇၀၀၀ ကျော်အားခန့်ထားနိုင်ခဲ့

နေပြည်တော် ၁၇ စက်တင်ဘာ

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်း ဝင်ငွေတိုးပွားစေရေး အတွက် ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများတွင် Labour Exchange Management System ဖြင့် Online မှဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက်ရှိရာ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ အတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်ရရှိမှု အနေဖြင့် အစိုးရအလုပ်အကိုင် ၁၄၃၆ ဦး ပုဂ္ဂလိက အလုပ်အကိုင် ၁၅၈၉၆ ဦး စုစုပေါင်း ၁၇၃၃၂ ဦးကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့သည်။

 

ထို့အပြင် နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအနေဖြင့် ကိုရီးယားနိုင်ငံသို့ ၅ ဦး စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)