၂၀၁၉ ခုနှစ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)၌ အားကစားလှုပ်ရှားမှုများ ထည့်သွင်းကျင်းပမည်

နေပြည်တော်  ၆   ဒီဇင်ဘာ

 

“ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့  လူငယ်ပွဲတော်နွှဲပျော်စို့” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို နိုင်ငံတော်မှကြီးမှူး၍ မကွေးတိုင်းဒေသကြီး မကွေးတက္ကသိုလ်၌ ဒီဇင်ဘာ ၁၄ ရက် မှ ၁၆ ရက်အထိ နေ့စဉ်နံနက် ၉ နာရီမှ စတင်၍ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါ ပွဲတော်ကျင်းပရာတွင် အားကစားလှုပ်ရှားမှုများကို ထည့်သွင်းကျင်းပမည်ဖြစ်ရာ အပန်းဖြေ အားကစားပြိုင်ပွဲများ၊ ယှဉ်ပြိုင်အားကစားပြိုင်ပွဲများ၊ အားကစားသရုပ်ပြပွဲများ ပါဝင်မည်ဖြစ်ရာ မကွေးတက္ကသိုလ် ဘောလုံးလေ့ကျင့်ရေးကွင်း၌ တစ်ဦးချင်းပြိုင်ပွဲများအဖြစ် ခေါင်းအုံးရိုက်(ကျား/မ)၊ ကြံ့ခိုင်စွမ်းရည်ပြိုင်ပွဲ (ကျား/မ)၊ ဘောလုံးဂိုးသွင်း(ကျား/မ)၊ ဘတ်စကက်ဘောဂိုးသွင်းပြိုင်ပွဲ(ကျား/မ)၊ သုံးချောင်းထောက်အပြေးပြိုင် ပွဲ(ကျား/မ)၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ (ကျား/မ)ပြိုင်ပွဲများကို လည်းကောင်း၊ အသင်းလိုက်ပြိုင်ပွဲများအဖြစ် လွန်ဆွဲ (ကျား/မ)၊ ထုပ်ဆီးထိုး(မ)ပြိုင်ပွဲများကို လည်းကောင်း၊ တက္ကသိုလ် ပေါင်းစုံပြိုင်ပွဲအဖြစ် မကွေးတက္ကသိုလ်အားကစားခန်းမ၌ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို လည်းကောင်း၊ သရုပ်ပြမည့်အားကစားနည်းများကို မကွေးတက္ကသိုလ်အားက စားခန်းမ၌ ဝူရှူး၊ မြန်မာ့သိုင်း၊ Myanmar Fitness Dance စသည့် အားကစားနည်းများကိုလည်းကောင်း ဒီဇင်ဘာ ၁၄ ရက် မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

 

ဆုကြေးငွေများအဖြစ် ဘော်လီဘော(ကျား/မ)ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း(ကျား)ပြိုင်ပွဲ၊ လွန်ဆွဲ(ကျား/ မ)ပြိုင်ပွဲ၊ ထုပ်ဆီးထိုး(မ)ပြိုင်ပွဲများတွင် ပထမဆု(၅)သိန်း၊ ဒုတိယဆု(၃)သိန်း၊ တတိယဆု(၂)သိန်း၊ စတုတ္ထ ဆု(၁)သိန်းကို လည်းကောင်း၊ ခေါင်းအုံးရိုက်(ကျား/မ)ပြိုင်ပွဲ၊ ကြံ့ခိုင်စွမ်းရည်(ကျား/မ)ပြိုင်ပွဲ၊ သုံးချောင်း ထောက်(ကျား/မ)ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်(ကျား/မ)ပြိုင်ပွဲ၊ ဘတ်စကက်ဘောဂိုးသွင်း (ကျား/မ)ပြိုင်ပွဲများတွင် ပထမဆု(၁၅၀ဝ၀)ကျပ်၊ ဒုတိယဆု(၁၀ဝ၀ဝ)ကျပ်၊ တတိယဆု(၅၀ဝ၀)ကျပ်ကို လည်းကောင်း ချီးမြှင့်မည်ဖြစ်ပြီး၊ အားကစားဆိုင်ရာ ဓာတ်ပုံပြပွဲများကို လူထုအားကစား လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ပြည်တွင်းရှိ အားကစားကွင်း/ရုံများ၏ မှတ်တမ်းဓာတ်ပုံများ၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ မျိုးသားအားကစားပြိုင်ပွဲများ ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများအပါအဝင် ပြည်တွင်း အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်အောင်မြင်မှုရရှိခဲ့သည့် မှတ်တမ်းဓါတ်ပုံများ၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ၏ မှတ်တမ်းဓာတ်ပုံများ၊ အားကစားနှင့် ကာယပညာ (သိပ္ပံ)များ၏ သင်ကြားလေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံများကို ထည့်သွင်းပြသထားမည်ဖြစ်သည်။

 

သို့ဖြစ်၍ အသင်းလိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဒီဇင်ဘာ(၁၂)ရက် နောက်ဆုံးထား စာရင်းပေးသွင်းရန်နှင့် တစ်ဦးချင်းပြိုင်ပွဲများကို နေ့စဉ်နံနက်(၉)နာရီနှင့် (၁၂) နာရီတွင် ကျင်းပမည်ဖြစ်၍ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ပြိုင်ပွဲမစတင်မီ (၁၅)မိနစ်အလို ကြိုတင်စာရင်း ပေးသွင်းကြရန်နှင့် မည်သူမဆို ပါဝင်ယှဉ်ပြိုင်ဆင်နွှဲနိုင်ပြီး လာရောက်ကြည့် ရှုလေ့လာနိုင်ပါကြောင်း၊ ယှဉ်ပြိုင်လိုသည့်သူများ ဆက်သွယ်ရန်ဖုန်းနံပါတ် တိုင်းဒေသကြီး၊ အားကစား နှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက် ဝ၉-၅၃၄၂၀၂၄၊ ဒေါ်စန်းမြင့်အေး ဦးစီးအရာရှိ ဝ၉-၄၀၁၅၃၅၈၃၄ တို့အား ဆက်သွယ်စာရင်းပေးပို့နိုင်ကြောင်း သိရသည်။

 

(သတင်းစဉ်)