၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာချက် ထုတ်ပြန်

mdn

နေပြည်တော် ၁၆ နိုဝင်ဘာ

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ်များ၌ ကျောင်းအပ်နှံကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် မိဘပြည်သူများသို့ အသိပေးကြေညာချက်

 

၁။         ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ မူလဝင်ခွင့်ရရှိ သည့် တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ်များ၌ ကျောင်းသား ကျောင်းသူ ကိုယ်တိုင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့မှ စတင်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက် နောက်ဆုံး မပျက်မကွက် ကျောင်းအပ်နှံကြရန်။

၂။         ကျောင်းပြောင်းရွှေ့လိုသည့် ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ် များ၏ ကျောင်းအပ်လက်ခံကာလအတွင်း မူလဝင်ခွင့်ရရှိသည့် တက္ကသိုလ်/ ဒီဂရီကောလိပ်/ ကောလိပ်များတွင် ကျောင်းအပ်နှံ တက်ရောက်ခြင်း မရှိ ကြောင်း ထောက်ခံစာကိုရယူ၍ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်း ပြောင်းရေးမူများအတိုင်း ဆက်လက်ဆောင်ရွက်ကြရန်။

၃။         ကျောင်းအပ်နှံခြင်း၊ ကျောင်းပြောင်းရွှေ့ခြင်း၊ ကျောင်းရပ်နားခြင်း၊ ကျောင်းမှ နုတ်ထွက်ခြင်း စသည့် သင်တန်းရေးရာနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ကျောင်းသား၊ ကျောင်းသူကိုယ်တိုင် ကျောင်းသို့ လာရောက်ဆက်သွယ် ဆောင် ရွက်ကြရန်။

၄။         သင်တန်းနှစ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများသည် သတ်မှတ် ကျောင်း အပ်ကာလအတွင်း ကျောင်းအပ်နှံခြင်း၊ မေဂျာပြောင်းခြင်း၊ ကျောင်းပြောင်း ခြင်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နောက်ဆုံးထား၍ ဆောင်ရွက် ကြရန်။

၅။         ကျောင်းအပ်နှံခြင်း၊ ကျောင်းပြောင်းရွှေ့ခြင်းအပါအဝင် သင်တန်းရေးရာနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆောင်ရွက်ရာတွင် သတ်မှတ်ငွေကြေးကိုသာ ပေးသွင်းဆောင်ရွက်ကြရန်။

၆။         ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းမှန်မှန်တက်ရောက် ပညာသင်ယူ ကြရန်။

၇။         ပညာရပ်ဆိုင်ရာ အရည်အသွေး မြှင့်တင်မှုလုပ်ငန်းများ၊ ကျောင်းဖွံ့ဖြိုးရေး လှုပ်ရှားမှုများ (တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု၊ အားကစား၊ ပြပွဲ/ပြိုင်ပွဲ စသည်များ)တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်။

၈။         ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်သဖြင့် သက်ဆိုင်ရာ တက္ကသိုလ်၏ သင်တန်းရေးရာဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန်။

၉။         တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ အကြံပြုစာများ ပေးပို့လိုပါက ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်(၁၃) (email: dpsoffice@ moe.edu.mm) သို့မဟုတ် အဆင့်မြင့်ပညာဦးစီးဌာန၊ နေပြည်တော် (email: [email protected]) သို့ ဆက်သွယ်ပေးပို့ပါရန်။

ပညာရေးဝန်ကြီးဌာန