၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲခြေစွမ်းထက် အင်္ဂလန်အသင်း၏ လက်ရှိခြေစွမ်း ပိုကောင်းဟု နည်းပြဆောက်ဂိတ် ပြောကြား

၁၉  နိုဝင်ဘာ

အင်္ဂလန်အသင်းရဲ့ အခုလက်ရှိခြေစွမ်းပိုင်းမှာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ ကစားခဲ့တဲ့ ခြေစွမ်းပိုင်းထက် ပိုမိုကောင်းမွန်ကြောင်း အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်က ပြောကြားလိုက်ပါတယ်။

နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲယှဉ်ပြိုင်စဉ်က ချန်ပီယံဖြစ်ခွင့် အခြေအနေအထိ မရောက်ခဲ့ဘဲ စတုတ္ထနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာ အုပ်စုအဆင့် ပထမနေရာနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်။

အခု ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ်တွေ ကစားခဲ့ရာမှာ ရှစ်ပွဲမှာ ခုနစ်ပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အပြင် ပြိုင်ပွဲတိုင်းကိုလည်း ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ပြိုင်ပွဲကို လွှမ်းမိုးထားနိုင်ခဲ့တာ ဖြစ်တယ်လို့ နည်းပြဆောက်ဂိတ်က ဆိုပါတယ်။ ဒါ့အပြင် ကစားသမားတွေ ကိုယ်တိုင်ကလည်း သွင်းဂိုးတွေရရှိအောင် စွမ်းဆောင်နိုင်တယ်လို့လည်း ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ နိုဝင်ဘာ ၁၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုဆိုဗိုအသင်းနဲ့ ပွဲစဉ်မှာ လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဟယ်ရီဝင့်န်က တစ်ဂိုး၊ ဟယ်ရီကိန်းက တစ်ဂိုး၊ ရက်ရှိဖို့ဒ်က တစ်ဂိုးနဲ့ မောင့်က တစ်ဂိုး အသီးသီးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ၁၀ ပွဲမှာ ၃၈ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် တစ်ပွဲပျမ်းမျှသွင်းဂိုး ၃ သမ ဂိုးရှိပြီး တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ အင်္ဂလန်အသင်းနဲ့အတူ ခြောက်ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ကစား သမားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲကို လန်ဒန်အပါအဝင် မြို့ကြီး ၁၂ မြို့တွင် ကျင်းပသွားမှာဖြစ်ပြီး အုပ်စုအဆင့်ပွဲစဉ်များကို နိုဝင်ဘာ ၃၀ ရက်မှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

ငွေကြယ်

 

NINTCHDBPICT000519793736-e1568020407844