၂၀၁၈ ခုနှစ် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုများအတွက် စာမူပေးပို့ရက် တိုးမြှင့်သတ်မှတ်

ရန်ကုန် ၁၅ ဇန်နဝါရီ 

 

၂၀၁၈ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆုများအတွက် စာမူပေးပို့ရန် နောက်ဆုံးတင်သွင်းရမည့်ရက်ကို မူလက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၃၀) ရက်ကို သတ်မှတ်ထားသော်လည်း ယခုအခါပြိုင်ပွဲဝင် စာမူတင်သွင်းရန် နောက်ဆုံးရက်ကို ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်အထိ တိုးမြှင့်လိုက်ကြောင်း သတင်းရရှိသည်။

 

ပခုက္ကူစာပေဆုတွင် သတ်မှတ်ထားသည့် ဘာသာရပ် (၅)မျိုးအတိုင်း ပြိုင်ပွဲဝင်စာမူများကို ဖော်ပြထားသော စည်းကမ်းချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်နိုင်ကြသည်။

 

ပြိုင်ပွဲဝင်စာမူပုံစံများကို စာတည်းမှူးချုပ်၊ အမှတ်(၅၂၉/၅၃၁) ကုန်သည်လမ်း၊ စာပဗိမာန်တွင်ရယူနိုင်ပြီး နယ်မှပုံစံမှာယူလိုသူများသည် ငွေကျပ် ၁၀ဝ၀ ပေးပို့၍ ပြိုင်ပွဲဝင်ပုံစံများကို မှာယူနိုင်ကြောင်း သိရသည်။

 

ပခုက္ကူစာပေဆုများကို ယှဉ်ပြိုင်လိုသူများ စိတ်ဝင်တစားဖြင့် မေးမြန်းမှုများရှိနေရာ ပြိုင်ပွဲဝင်လိုသော စာပေဝါသနာရှင်များ၏ ဆန္ဒကို ဖြည့်ဆည်းပေးသည့် အနေဖြင့် ယခုကဲ့သို့ ပြိုင်ပွဲဝင် ရက်တိုးမြှင့် သတ်မှတ်ပေးရခြင်းဖြစ်ကြောင်း ပခုက္ကူစာပေဆု ရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။

 

(သတင်းစဉ်)