၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ပသို့ တရားဝင်အလုပ်သွားရောက် လုပ်ကိုင်သူ ၂၄၀၀၀ ကျော်နှင့် ပြည်တွင်း အလုပ်နေရာ ၁၉၀၀၀ ကျော်အား ခန့်ထားနိုင်ခဲ့

အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင် စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေခြင်းတို့အား အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းအလုပ်အကိုင်ရရှိရေးကို ဦးစားပေးပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များ ရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် Labour  Exchange  Management  System  ဖြင့် Online မှ ဆောင်ရွက်ပေးခြင်းတို့အား လုပ်ဆောင်လျက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အလုပ်ရရှိမှုအခြေအနေဖြင့် အစိုးရအလုပ်အကိုင် ၅၅၉ ဦး ပုဂ္ဂလိက အလုပ်အကိုင် ၁၈၇၄၅ ဦး စုစုပေါင်း ၁၉၃၀၄ ဦးကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့သည်။

 

ထို့အပြင် နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှု အခြေအနေမှာ မလေးရှား နိုင်ငံသို့ ၄၁၀၉ ဦး၊ စင်ကာပူနိုင်ငံသို့ ၁၉ ဦး၊ ကိုရီးယားနိုင်ငံသို့ ၄၂၄ ဦး၊ ထိုင်းနိုင်ငံသို့ ၂၀၀၁၄ ဦး၊ ဂျပန်နိုင်ငံသို့ ၃၆၃ ဦး၊ ယူအေအီးသို့ ၂၀ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၂၆ ဦး၊ ကာတာနိုင်ငံသို့ ၁၂ ဦး စုစုပေါင်း ၂၄၉၈၇ ဦးစေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။ 

 

(မောင်မင်းနိုင်)