၂ လအတွင်း ရေထွက်ပစ္စည်းတင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့် ဗီယက်နမ် ရရှိ

ဗီယက်နမ်နိုင်ငံက ယခုနှစ် ပထမနှစ်လအတွင်း ပင်လယ်စာများ အထူးသဖြင့် ပုဇွန်နှင့် ငါးခူများ တင်ပို့မှုမှ အ မေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံနီးပါး ဝင်ငွေရရှိခဲ့ပြီး နှစ်အလိုက် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မတ်လ ၇ ရက်တွင် ပြောကြားသည်။ 

 

mdn


ဖေဖော်ဝါရီလတစ်လအတွင်းမှာပင် ဗီယက်နမ်နိုင်ငံ၏ ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ဝင်ငွေရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၁၂ ဒသမ ၆ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။ ဗီယက်နမ်နိုင် ငံ၏ အဓိကဈေးကွက်မှာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ဖြစ်သည်။

 

ဗီယက်နမ်နိုင်ငံက ယခုနှစ်အတွင်း ရေထွက်ပစ္စည်းတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံရရှိအောင် ကြိုးပမ်းသွားမည်ဖြစ်သည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံက ငါးမွေးမြူရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုကို တန်ချိန် ၄ ဒသမ ၃ သန်းထိ တိုးမြှင့်မည်ဖြစ်ပြီး ရေထွက်ပစ္စည်းများ၏ အရည်အသွေးကို ခေတ်မီနည်းပညာများ အသုံးပြု၍ တိုးတက်အောင်လုပ်ဆောင်မည်ဖြစ်သည်။ 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်